မဲနှစ်ကြိမ်ပေးသည်ဟုဆိုကာ ရန်ကုန်ရောက် ရခိုင်အမျိုးသားတစ်ဦး ငွေဒဏ်ချမှတ်ခံရ

မဲနှစ်ကြိမ်ပေးသည်ဟုဆိုကာ ရန်ကုန်ရောက် ရခိုင်အမျိုးသားတစ်ဦး ငွေဒဏ်ချမှတ်ခံရ

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးခဲ့သည်ဟုဆိုကာ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်တွင်နေထိုင်သည့် ရခိုင်အမျိုးသားတစ်ဦးကို ယမန်နေ့(မတ်လ ၁၄ ရက်နေ့)က မင်္ဂလာဒုံမြို့နယ်တရားရုံးမှ ငွေဒဏ်တစ်သိန်းပေးဆောင်ရန် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

ပြစ်ဒဏ်ချမှတ်ခံရသူမှာ စစ်တွေမြို့နယ်၊ ရွှေပြားရပ်ကွက်မှ အသက် ၂၉ နှစ်အရွယ် ကိုစိုင်းထွန်းဆိုသူဖြစ်သည်။ ၄င်းကို ရွေးကောက်ပွဲဆိုင်ရာရာဇသတ်ကြီးဥပဒေပုဒ်မ-၁၇၁(စ)ဖြင့် တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဟု ကာယကံရှင် ကိုစိုင်းထွန်းက  DMG သို့အတည်ပြုပြောဆိုသည်။

“မနေ့က မင်္ဂလာဒုံတရားရုံးမှာ ငွေဒဏ်တစ်သိန်းပေးခဲ့ရတယ်။ ကျွန်တော့်ကို မဲနှစ်ကြိမ်ပေးတယ်ဆိုပြီးတော့ တရားစွဲခံရတာ”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်(၈)ရပ်ကွက်တွင်နေထိုင်သည့် ကျောက်တော်မြို့နယ်မှ မဝင်းမေနှင့် ဖေဖော်ဝါရီ ၉ ရက်နေ့က ပေါက်တောမြို့နယ်မှ မနန်းခိုင်စိုးတို့ကို ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးမှုဖြင့် ရွှေပြည်သာမြို့နယ်တရားရုံးက ငွေဒဏ်တစ်သိန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀ အရွယ် ဒေါ်မစိန်ကိုလည်း မဲနှစ်ကြိမ်ပေးမှုဖြင့် အမ်းမြို့နယ်တရားရုံးမှ ငွေဒဏ်ချမှတ်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း အစိုးရဖွဲ့ခွင့်မပေးဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကိုဖြုတ်ချကာ မဲစာရင်းမှားသည်ဟုအကြောင်းပြချက်ဖြင့် စစ်တပ်က အာဏာသိမ်းခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မြန်မာတနိုင်ငံလုံးတွင် တစ်ကြိမ်ထက်မဲပိုပေးသူ ၂၁၆၉ ဦးကို အရေးယူနိုင်ရေး တိုင်ကြားတရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဇန်နဝါရီ ၁၄ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ UEC ရွေးကောက်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောဆိုထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...