ဖလမ်းမြို့ မီးလောင်ကျွမ်းမှု လူ (၃)ဦးအား CNDF ဖမ်းဆီးထိန်းသိမ်း

ဖလမ်းမြို့ မီးလောင်ကျွမ်းမှု လူ (၃)ဦးအား CNDF ဖမ်းဆီးထိန်းသိမ်း

လွန်ခဲ့သည့် မတ်လ ၅ ရက်နေ့က ဖလမ်းမြို့တွင်းရှိ နေအိမ် (၄)လုံးကို ဓာတ်ဆီဖြင့်မီးရှို့ရန်ကြိုးစားခဲ့ခြင်းနှင့် မတ်လ (၆)ရက်မနက်ပိုင်းတွင် ဖလမ်း-ရိဒ်လမ်းရှိ လိုင်းမွာလ်ကျေးရွာမရောက်မီ အိမ်တစ်လုံး မီးရှို့ခဲ့သည့် သံသယတရားခံ (၃)ဦးအား CNDF မှ ဖမ်းဆီးထိမ်းသိမ်းထားကြောင်း မတ်လ ၁၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ (၃)ဦးအား CCTV မှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ  CNO/CNDF မှ လိိိုက်လံစုံစမ်းခဲ့ပြီး Biak Ceu Lal, Ceu Lian Hum နှင့် Sang Lian တို့ဖြစ်ကြောင်းထင်ရှားသည့်အတွက် မတ်လ (၉)ရက်ညတွင် Biak Ceu Lal နှင့် Ceu Lian Hum တို့အား မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ဖမ်းဆီးခဲ့ရပြီး မတ်လ(၁၁) ရက်၌ Sang Lian အား မီဇိုရမ်ပြည်နယ်၊ ဇိုခေါထာရ်ရွာတွင်ဖမ်းဆီးခဲ့ရာ CNDF အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၂၂ ခုနှစ်၊ မတ်လ (၆)ရက်ည (၁၁:၃၀)နာရီခန့်တွင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက် (လန်ပါး)ရှိ နေအိမ်(၃)လုံး မီးလောင်ကျွမ်းမှုတွင် ၎င်းတို့ (၃)ဦးအား သံသယတရားခံအဖြစ် ထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်းလည်းသိရသည်။

ဖလမ်းမြို့အတွင်း ပြည်သူလူထု၏ အိုးအိမ်ပျက်စီးစေလိုမှုနှင့် ကြောက်ရွံ့တုန်လှုပ်စေသောအမှုအား ပြုလုပ်သည့် လူရမ်းကား(၃)ဦးအား ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန် ဖွဲ့စည်းထားသည့် CNO/CNDF အနေဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်အရသိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...