တတိယအကြိမ်ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်မီ ကျင်းပပြုလုပ်သွားမည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) မှ ပြောသည်။
“လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ကျနော်တို့ ရှမ်းတိုင်းရင်းသားတွေရဲ့ သဘောထားဆန္ဒ ပေါ့နော။ သူတို့ ရဲ့အသံပေါ့နော။ တင်ပြနိုင်ဖို့အတွက် ကျနော်တို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲရှမ်း လူမျိုးသား အလိုက်ကို ကျနော်တို့ မကြာခင်မှာ လုပ်ဖို့ရှိတယ်။ ရှိတယ်ဆိုတဲ့ နေရာမှာလည်း အားလုံး အဆင်ပြေတဲ့ နေရာနဲ့ အဆင်ပြေတဲ့ အချိန်မှာလုပ်ဖို့တော့ ကျနော်တို့ ရည်ရွယ်ထားတာ ရှိပါတယ်။”ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS /SSA) မှ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းငင်း မှ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင် ကျင်းပပြုလုပ်သည့် RCSS/SSA ၏ ၆ လပတ် အစည်းအဝေး အပြီး ဇူလိုင်လ (၁၄) ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင်လည်း ရှမ်းအမျိုးသား အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးးပွဲ (ရှမ်းလူမျိုး)အား မကြာမှီ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဟု ထည့်သွင်း ထုတ်ပြန်ထားသည်။
ရှမ်းအမျိုးသားများအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ၏ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်မည်ဆိုပါက မည်သည့် အဖွဲ့အစည်းကိုမှ ခွင့်ပြု ချက်တောင်းဆိုရန် မလိုကြောင်းနှင့် အခြေ အနေ အရပ်ရပ်ကြောင့် မလုပ်ဆောင်နိုင်သေးပဲရှိနေသည်ဟု ဒု-ဗိုလ်မှူးကြီး စို်င်းငင်း မှ ပြောသည်။
သို့သော် RCSS/SSA အနေဖြင့် ရှမ်းပြည်နယ် အတွင်းရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံရေးကဏ္ဍများကို အတူတကွ လုပ် ဆာင်သွားမည်ဟု RCSS/SSA မှ ပြောသည်။
“ကျနော်တို့ ရှမ်းပြည်အတွင်း စည်းလုံးညီညွှတ်ရေး ရရှိမယ်ဆိုတဲ့ဟာ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုတဲ့ဟာကိုလေသူက အဆင့် ၂ ဆင့်လောက်တော့ ရှိပါလိမ့်မယ်။ ပထမအဆင့်က ကျနော်တို့ ရှမ်းအမျိုးသားအချင်းချင်းကြားပေါ့နော၊ ဒုတိယအဆင့် အနေနဲ့က ကျနော်ခုနကပြောနေတဲ့ ရှမ်းပြည် တိုင်းရင်းသားတွေနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက် သွားမယ့်သဘောပါ။ ခုန ကပြောသလိုပေါ့။ ရှမ်းတစ်မျိုးသားလုံးဆိုရင်လည်း ကျနော်တို့သိတဲ့အတိုင်းလေ ကျနော်တို့ ရှမ်းပြည်အမျိုးသားစည်းလုံး ညီ ညွှတ်ရေး ကော်မတီဖွဲ့ထားတာရှိတာကိုးနော အဲဒီကနေတစ်ဆင့် ကြိုးပမ်းဆောင်ရွက် သွားမယ်လေနော။ အဲဒီနောက် တစ်ဆင့် ကျတော့ ခုနကပြောသလို ရှမ်းပြည် နယ်သားအားလုံးနဲ့ ကျနော်တို့ ဆွေးနွေးပြီးတော့ ကျနော်တို့ ရှေ့လုပ်ငန်း စဉ်တွေ ခုနေြ ပာသလို နိုင်ငံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတဲ့ သဘောပါ” ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်း မှ ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ ယူအင်န်အက်ဖ်စီအဖွဲ့ ဝင်များနှင့်သော်လည်းကောင်း နိုင်ငံရေးကဏ္ဍများကို တတ်နိုင်သမျှ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည် ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်း မှ ပြောသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) အား တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ရ ဖွဲ့နှင့် အတူ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်







