“တပ်မတော်နေ့”ကို အာဝါဒေးပွဲဖြင့် ကျင်းပမည်

“တပ်မတော်နေ့”ကို အာဝါဒေးပွဲဖြင့် ကျင်းပမည်

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့တွင် ၇၇ နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုသောအားဖြင့် ကျင်းပသည့် နွား အလှပြ၊ နွားအလှမောင်းပြိုင်ပွဲနှင့်အတူ အာဝါဒေး လောင်းကစားပွဲ လာရောက်ကြရန် ဖိတ်ကြားနေသည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၂၁ ရက်နေ့ မှ မတ်လ ၂၇ရက်နေ့ အထိ ၇ရက်တိုင်တိုင် ကျင်းပမည့် မြန်မာ့ရိုးရာ နွားအသားကျ၊ နွားအလှ ပြ၊ နွားဒုံးပြိုင်ပွဲ ဖိတ်စာ၏ နောက်ကျောတွင် အာဝါဒေးပွဲလာကြရန် နှိုးဆော်ထားပြီး ဖိတ်စာတွင် ကျေးရွာ အုပ် ချုပ်ရေးမှူး ဦးလူပု ထုံးကြီးကျေးရွာ ဟု လက်မှတ်ရေးထိုးကာ ဖိတ်ကြားသည်ကို တွေ့ရသည်။

”စာအောက်ကနာမည် လူပုဆိုတာ ထုံးကြီးတဝိုက် အာဝါဒေးပွဲ မှန်သမျှ ကန်ထရိုက်ဆွဲနေသူ အာဏာသိမ်းပြီး နောက်ပိုင်း သားအဖနှစ်ယောက်လုံး တစ်ယောက်တစ်ရွာ ရွာလူကြီးဖြစ်လာကြတာ” ဟု လုံခြုံရေးအရ အမည် မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

ကံမမြောက် ချောင်းဘက်ကျေးရွာများဖြစ်သည့် ထုံးကြီး၊ ကျွန်းကလေး၊ ထောက်ရှာခုံ၊ ဝန်လိုကိုင်းကျေးရွာများ သည် ပျူစောထီးအဖွဲ့များ အားကောင်းသည့် ကျေးရွာများ ဖြစ်သည်ဟု သိရသည်။

အဆိုပါ ကျေးရွာများသည် စစ်တပ် ထောက်ခံသူအချို့သည် ယခင် ပျူစောထီး စစ်သင်တန်း မတက်ရခင် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဝင်လုပ်ဆောင်နေစဉ် ကတည်းက စစ်ကောင်စီကို ကင်းစောင့်ပေးနေကြ သည့် ရွာများဖြစ်ပြီး အရှိန်အဝါဖြင့် အုပ်ချုပ်၍မရပါက အာဏာဖြင့် အုပ်ချုပ်ပြမည်ဟု ကြွေးကြော်ထားသည် ဟုသိရသည်။

တော်လှန်ရေးအင်အားစုများက မတ်လ ၂၇ ရက်နေ့ ကို ဖက်ဆစ်တော်လှန်ရေးနေ့ဟု သတ်မှတ်ခေါ်ဆိုနေကြ သည်။

ယခင်က မတ်လ ၂၇ ရက်နေ့ကို ၁၉၄၅ ခုနှစ်တွင် တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ကြသော်လည်း စစ်တပ်ကမူ ၁၉၅၅ ခုနှစ်မှစတင်၍ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်ဆိုစေပြီး ယခုအချိန်ထိလည်း တပ်မတော် နေ့ဟု သုံးနှုန်းခေါ်ဝေါ်နေဆဲဖြစ်သည်။

ကံမမြို့နယ်၊ ချောက်ပင်ကျေးရွာနှင့် ပဇင်းနိမ့်ကျေးရွာကြားတွင်လည်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက အကြောင်းပြ ချက် ရေရေရာရာမရှိဘဲ အာဝါဒေးပွဲပြုလုပ်ခဲ့သေးသည်ဟုလည်း စုံစမ်းသိရသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...