မူဆယ်မြို့လယ်ခေါင် တရုတ်ငွေလဲအိမ်(၂)အိမ် ဓားပြတိုက်ခံရ

မူဆယ်မြို့လယ်ခေါင် တရုတ်ငွေလဲအိမ်(၂)အိမ် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်တွင် ယမန်နေ့ (မတ် ၁၀)ရက် ညနေ ၅ နာရီကျော် ၌ တရုတ်ငွေလဲသည့် အိမ် (၂)အိမ် ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညနေ ၅ နာရီကျော်တွင် မူဆယ်မြို့ စျေးရပ်ကွက်ရှိ တရုတ်ငွေလဲနေသည့် နေအိမ် (၂)အိမ်ထံ ကားဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ကာ တရုတ်ငွေများကို ဓားပြတိုက်ယူသွားကြောင်း မူဆယ်ဒေသခံ မျက်မြင်တွေ့ရှိသူများက ပြောသည်။

“ ကားနဲ့ ရောက်လာတယ်။ အဲ့လူတွေက ဦးထုတ် အစိမ်းရောင်စောင်းထားတယ်။ ပြီးတော့ သေနတ်အရှည်နဲ့ မိုးပေါ်ထောင်ပစ်သွားတယ်။ တရုတ်ငွေ တွေ ဘယ်လောက်ပါသွားလဲမသိဘူး။ ဓားပြတိုက်ခံရတာက တရုတ်ငွေလှဲတဲ့အိမ် (၂)အိမ်ပါ” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြတိုက်ခံရသည့် နေအိမ်သည် လူသွား၊လူလာများသည့်နေရဖြစ်ပြီး၊ မြို့လယ်ခေါင်တွင်တည်ရှိသည့် နေအိမ်များဖြစ်သည်။

ထိုမြို့လယ်ခေါင်တွင် ဓားပြတိုက်ခံရသည့်အတွက် ဒေသခံပြည်သူများက စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့တွင် မကြာခဏ ဓားပြတိုက်မှု၊ လုယက်ခိုးမှုများဖြစ်ပွားကာ တကြိမ်တခါမျှ တရားခံကို မမိခဲ့ပေ။

“ အခုက တရုတ်ပြည်ဘက်လည်း တံခါးပိတ်ထားတယ်။ ဓားပြက တရုတ်ပြည်ဘက်လည်း ပြေးလို့မရဘူး။ ဒါပေမယ့် မူဆယ်မြို့ထဲမှာပဲ ဓားပြကို ဖမ်းမမိဘူး။ ပြည်သူလုံခြုံရေးကတော့ ပိုဆိုးလာတယ်” ဟု မူဆယ်မြို့ အသက် ၃၀ကျော် အမျိုးသားတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလတွင်လည်း မူဆယ်မြို့ တရုတ်ငွေလဲသည့်သူ ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသည့်အထိ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...