တိုက်ပွဲများကြောင့် ရိခေါဒါရ်မြို့နယ်မှ ဒေသခံ ၂၀၀၀ ကျော် အန္ဒိယနိုင်ငံဖက် ထွက်ပြေးနေရ

တိုက်ပွဲများကြောင့် ရိခေါဒါရ်မြို့နယ်မှ ဒေသခံ ၂၀၀၀ ကျော် အန္ဒိယနိုင်ငံဖက် ထွက်ပြေးနေရ

ချင်းပြည်နယ် ရိခေါဒါရ်မြို့နယ်တွင် တိုက်ပွဲများကြောင့် အိမ်မွေးတိရစ္ဆာန် အစားကျွေးချိန်မှလွဲ၍  အိန္ဒိယနယ်နိုင်ငံ နယ်စပ်ဘက်ကို ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရဟု ဒေသခံများထံက သိရသည်။

ရိခေါဒါရ်မြို့မှ ဒေသခံတစ်ဦးက “အခုတော့ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိသေးဘူး တခါလေ သေနတ်သံကြားရတာ လောက်ဘဲ ရှိတော့တယ် ဒါပေမယ့် ရိခေါ်ဒါရ်မြို့က ဒေသခံ အားလုံးနီးပါးကတော့ အိန္ဒိယနိုင်ငံနယ်စပ် ဖက်ကို ထွက်ပြေးလာခဲ့ကြပြီး ကြုံသလိုနေထိုင်ကြတယ် မနက်ပိုင်းလေးတော့ အိမ်မွေးတိရစ္ဆာန် အစားကျွေးချိန် အချိန်နည်းငယ် သွားလာလို့ ရတယ် အားလုံးကတော့ အိန္ဒိယနိုင်ငံနယ်စပ်ဖက်ကို နေထိုင်ကြရတယ်”ဟု သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအကြား မတ်လ (၅) ရက်နေ့က နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရိခေါ်ဒါရ်မြို့ အမှတ်(၂) မှ ဒေသခံများ ထွက်ပြေးခဲ့ရပြီးနောက် ရိခေါ်ဒါရ်မြို့နယ်မှ ဒေသခံများ အားလုံး အိန္ဒိယနယ်စပ်ဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

လက်ရှိ ရိဒေါ်ဒါရ်မြို့အနီးတွင် စစ်ကောင်စီတပ်စခန်းများ အင်အားတိုးချဲ့မှုများ ရှိနေပြီး ရိခေါ်ဒါရ်မြို့နယ်စပ်ဖက် သွားလာမှုများကို ခေတ္တရပ်ဆိုင်းထားရန်နှင့် မြို့ထဲမဝင်ခင်ကိုလည်း CDF – Hualngoram ကို သတိပေးရန် ထုတ်ပြန်ထားပြီး မြို့ထဲတွင် ကျန်ရစ်ခဲ့သည့် အိမ်မွေးတိရစ္ဆာန်များကို မနက်ပိုင်း အစားကျွေးချိန်ကိုသာ ဝင်ခွင့်ပြုထားကြောင်းကိုလည်း ဒေသခံများထံက သိရသည်။

ရိခေါ်ဒါရ်မြို့မှာ အိန္ဒိယနိုင်ငံနယ်စပ်တွင် တည်ရှိသည့် မြို့ဖြစ်ပြီး တိုက်ပွဲများကြောင့် အိုးအိမ်မီးလောင်ထိခိုက် ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြကြောင်းလည်း ဒေသခံများထံက သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...