အစိုးရနှင့် UNFC အလွတ်သဘောတွေ့ဆုံမည်

အစိုးရနှင့် UNFC အလွတ်သဘောတွေ့ဆုံမည်
by -
သတင်းနှင့် မီဒီယာကွန်ရက်
တစ်နိုုင်ငံလုံးပစ်ခတ်တိုုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (NCA) လက်မှတ်မရေးထိုးသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့် အစိုုးရ၏ ငြိမ်းချမ်းရေးကော်မရှင်တိုု့ မကြာမီ အလွတ်သဘောတွေ့ဆုံုမည်ဟု UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးမှ ပြောသည်။

“ဟုတ်တယ် ကျနော်တို့ ၂၀ ရက်နေ့မှာ တွေ့ဖို့ စဉ်းစားထားတယ်”

တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ မကြာမီရက်များအတွင်းက ပထမဆုံုးအကြိမ်ကျင်းပပြုလုပ်သော UNFC ၏ ဗဟိုု အလုုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးတွင် UNFC ၏ ပြောရေးဆိုုခွင့်ရှိသူ နိုင်အောင်မငေးမှ သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

( UNFC ) ၏ နိုုင်ငံရေးဆိုုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN နှင့် အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး နိုင်အောင်မငေး မှ ယခုလို ဆက်ပြောသည်။

“ကျနော်တို့ အဆိုပြုချက် ကိုးချက်မှာပဲ အခြေခံပြီးဆွေးနွေးကြတာပေါ့ မပြီးပြတ်သေးတဲ့ဟာပေါ့။ ဒါပေမယ့် ကျနော်တို့ ၂၀ ရက်နေ့တွေ့မှာ ပြင်ဆင်မှုအားကောင်းကောင်းနဲ့ အခုက ကျနော်တို့လည်း အချိန်လေးကပ်သွားတော့ အတိအကျ အသေးစိတ်ဘာမှ မဆွေးနွေးရသေးပါဘူး။ အဓိကက ကျနော်တို့ ကျန်ရှိနေတဲ့ အချက်တွေကို ပြန်ပြီးသုံးသပ် ပြန်ပြီးဆွေးနွေးကြတာပေါ့။”

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မတွေ့ဆုံမီ UNFC ခေါင်းဆောင်များက ဇူလိုင်လ ၁၇ ရက်နေ့တွင် ထပ်မံတွေ့ဆုံုကာ ဆွေးနွေးမည့်အကြောင်းအရာများကို အဖွဲ့ဝင်အချင်းချင်းကြားတွင် အသေးစိတ်ညှိနှိုင်းဆွေးနွေးမည်ဖြစ်သည်။

ယခုပြုလုပ်မည့် အလွတ်သဘောတွေ့ဆုံမှုမှ ရရှိလာသည့် ရလာဒ်များအား နှစ်ဖက်တာဝန်ရှိသူ အဆင့်ဆင့်သို့ ပြန်လည် တင်ပြသွားမည်ဟု နိုင်အောင်မငေးမှ ပြောသည်။

“ကျနော်တို့ ဒီတစ်ပတ်က အလွတ်သဘောပဲတွေ့မယ်။ အလွတ်သဘောတွေ့ဖို့ပဲ ကျနော်တို့ ၂ ဖက်ပေါ့ ဘယ်လောက်ညှိလို့ ရတယ်ဆိုတာအလွတ်သဘောပဲ တွေ့ပြီးပေါ့။ ကျနော်တို့ ရတဲ့ဟာကို သူတို့က ပြန်တင် ကျနော် တို့လည်း စီအီးစီပြန်တင်ပြီးတော့ သြဂုတ်လဆန်းမှာ သူတို့နဲ့ ပြန်ချိန်းဖို့ မသိသေးဘူးလေ။ ကျနော်တို့လည်း တောက်လျှောက် ဂျူလိုင်လအထိက မအားဘူးဆိုတော့ သြဂုတ်လဆန်းမှာဆို အဲလိုပေါ့ စဉ်းစားထားတယ်။”

ဒုတိယအကြိမ်ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံ နောက်ပိုင်း ဇွန်လ ( ၁၀ ) ရက်နေ့ကလည်း နိုုင်ငံရေးဆိုုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ (DPN ) နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC ) တို့ အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

ယခုတွေ့ဆုံမှုသည် UNFC အဖွဲ့အတွင်းမှ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အိုု) အပါအဝင် တိုုင်းရင်းသား အဖွဲ့အချို့ထွက်ခွာသွားပြီး အစိုုးရနှင့် ပထမဆုံုး တွေ့ဆုံမှု ဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...