တိုက်ပွဲဖြစ်မည့်အရိပ်အယောင်ကြောင့် ရိခေါဒါရ်မြို့ပြည်သူအားလုံး တဖက်နိုင်ငံကိုထပ်မံထွက်ပြေး

တိုက်ပွဲဖြစ်မည့်အရိပ်အယောင်ကြောင့် ရိခေါဒါရ်မြို့ပြည်သူအားလုံး တဖက်နိုင်ငံကိုထပ်မံထွက်ပြေး

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် ရိခေါ်ဒါရ်မြို့အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက်ကပြည်သူ အားလုံးသည် ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေပိုင်းက တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။

Chinland Defense Force – Hualngoram တပ်ဖွဲ့က ယမန်နေ့မတ်လ ၇ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန် ကာ ရိခေါဒါရ်မြို့အမှတ် (၂) (တီအိုချောင်း) တွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ညနေပိုင်း ၆ နာရီမထိုးခင် ဘေးလွတ်ရာကိုပြောင်းရွှေ့ကြရန်ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံပြည်သူများ တဖက်နိုင်ငံဘက်ကိုထပ်မံထွက်ပြေးတိမ်း ရှောင်နေကြခြင်းဖြစ်သည်။

“တိုက်ပွဲကလည်း ဒီနေ့ဖြစ်မလာ မနက်ဖြန်ဖြစ်မလား ပြောလို့မရဘူး အချိန်မရွေးဖြစ်နိုင်တဲ့အခြေအနေမှာရှိတော့ အားလုံးထွက်ပြေးကြပြီ ဇိုခေါထာရ်ဘက်ကို ဆွေမျိုးရှိတဲ့သူက ဆွေမျိုးအိမ်မှာနေကြတယ်၊ မရှိတဲ့သူကတော့ အမိုးအကာတွေလုပ်ပြီး နေကြရတယ်” ဟု အမှတ် (၂) ရပ်ကွက်ဒေသခံတစ်ဦးကပြောသည်။

ရိခေါဒါရ်အမှတ်(၁) ရပ်ကွက်ကပြည်သူများသည်လည်း CDF-Hualngoram ၏ ထုတ်ပြန်ချက်ကြောင့် ယမန်နေ့က တဖက် နိုင်ငံသို့ထွက်ပြေးခဲ့ကြရပြီး သက်ကြီးရွယ်အိုတချို့သာကျန်ခဲ့သည်ဟု ဒေသခံကတစ်ဦးကပြောသည်။

“အများစုကတော့ပြေးကြတယ် အိမ်ခြေ ၂၀ လောက်ဘဲကျန်မယ် မပြေးတာက မပြေးနိုင်တဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ လောက်ပဲကျန်မယ်” ဟု ရိမြို့ဒေသခံတစ်ဦးကပြောသည်။

ရိခေါဒါရ်မြို့အမှတ် (၂) ရပ်ကွက်တောင်ကုန်းပေါ်တွင်အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည့် မတ်လ ၅ ရက်နေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲကြောင့် အမှတ်(၂) ရပ်ကွက်ရှိ ဒေသခံပြည်သူ ထက်ဝက်ကျော်ခန့်သည် တဖက်မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးခဲ့ကြပြီး ယခုအခါထပ်မံထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ရိခေါဒါရ်မြို့အမှတ် (၁) ရပ်ကွက်တွင် အိမ်ခြေ ၂၀၀ ခန့်နှင့် လူဦးရေ ၁၀၀၀ ခန့်ရှိပြီး အမှတ် (၂) ရပ်ကွက်တွင် အိမ်ခြေ တစ်ထောင်ကျော်ခန့်နှင့် လူဦးရေ ၅၀၀၀ ခန့်ရှိသည်ဟု သိရသည်။

ရိခေါဒါရ်မြို့နယ်အတွင်းရှိ New Rihkhawdar, Old Rihkhawdar, Haiheng, Old Lianhna, New Lianhna, Vutbuak, Kawilam, New Haimual, Zimpui နှင့် Zimte ကျေးရွာပြည်သူများအနေဖြင့်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့အား အသိ မပေးဘဲ ရိခေါဒါရ်မြို့အမှတ် (၂) (တီအိုချောင်း) နှင့် တောထဲမသွားရန် Chinland Defense Force- Hualngoram ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ကလေး-တီးတိန်-ရိခေါဒါရ် ယာဉ်လိုင်းပြေးဆွဲသည့် မော်တော်ယာဉ်များအနေဖြင့်လည်း ယနေ့မတ်လ ၈ ရက်နေ့ ကစ၍ ရိခေါဒါရ်ဘက်သို့ ယာဉ်လိုင်းပြေးဆွဲမှုအားလုံးရပ်နားထားကြရန် CDF-Hualngoram က ထုတ်ပြန်ထားသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...