ပုသိမ်မြို့မရဲစခန်းမှ အချုပ်သား ၆ ဦး ထွက်ပြေး

ပုသိမ်မြို့မရဲစခန်းမှ အချုပ်သား ၆ ဦး ထွက်ပြေး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မြို့မရဲစခန်းက အချုပ်သား ၆ ဦး ထွက်ပြေးလွတ်မြောက်သွားသည်ဟု တိုင်းရဲတပ် ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အချုပ်ခန်းအတွင်းရှိ ရေစင်မှတစ်ဆင့် ခေါင်မိုးကိုဖောက်ကာ ထွက်ပြေးသွားခြင်းဖြစ်သည် ဟု တိုင်းရဲတပ်ဖွဲ့ နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

“ဖောက်ထွင်းမှုနဲ့ ဖမ်းထားတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေက အချုပ်ကို ဖောက်တာ အဲဒီကလေးတွေကို အချုပ်ခန်းတွင်းက ရေစင်ကို သန့်ရှင်းရေး လုပ်ခိုင်းတယ်" ဟု မြို့မရဲစခန်း အိမ်ထောင်သည်လိုင်းခန်းတွင် နေ သည့် မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ပုသိမ်မြို့မ ရဲစခန်းက အချုပ်သား ၆ ဦးသည် မတ်လ ၁ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီကျော် အချိန်ခန့်က ထွက်ပြေး လွတ်မြောက် သွားခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းအချုပ်သား ၆ ဦးသည် ပြီးခဲ့သည့် ၄ လခန့်က သိန်း ၄၀၀ တန် ရွှေငွေဖောက်ထွင်းမှုဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၁၇ နှစ် အရွယ်ရှိကြသည့် မောင်ကောင်းမြတ်၊ မောင်အောင်မျိုးမြတ်၊ မောင်မျိုးမင်းလတ်၊ ကြွက်မီး၊ သိန်းထွေးတို့ ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

၎င်းတို့နှင့်အတူ အသက် ၄၁ နှစ်အရွယ် ဖောက်ထွင်း လူသတ် လူဆိုးမှတ်တမ်းဝင် ထောင်တစ္ဆေ ဆိုသူလည်း ထွက်ပြေးလွတ်မြောက် သွားသည်ဟု ရဲတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

“အချိန်မှီ ဖမ်းဖို့ ရဲစခန်း အားလုံးကို ကြေးနန်းထုတ်ထားပါတယ်။ ရာဇဝင်လူဆိုးတွေပါ” ဟု  တိုင်းရဲတပ်ဖွဲ့ရုံး က ရဲအရာရှိတစ်ဦး ကပြောသည်။

အချုပ်သားများ ထွက်ပြေးလွတ်မြောက်သွားသည့် ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများကို အရေးယူနိုင်ရန် စီစဥ်နေသည်ဟု စစ်ကောင်စီရုံး ဝန်ထမ်းအချို့၏ ပြောပြချက်အရ သိရသည်။

ပုသိမ် မြို့မရဲစခန်းသည် ပုသိမ်မြို့တွင်းသို့ဝင်သည့် မဟာဗန္ဓုလ လမ်းမပေါ်ရှိ တိုင်းရဲတပ်ဖွဲ့ရုံးနှင့် မျက်နှာ ချင်းဆိုင်တွင် ရှိသည့် လုံခြုံရေး တင်းကြပ်ထားသည့် စခန်းဖြစ်သည်။

အဆိုပါ ရဲစခန်းဝင်းတစ်ခုလုံးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များသာ နေထိုင်သည်ဟု ပုသိမ် မြို့ခံ များ၏ ပြောပြချက်အရ သိရသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...