ကျည်ဆံကုန်လည်း တူမီးနဲ့ ဆက်လက်ရင်ဆိုင်မယ် - CDF-Kanpetlet

ကျည်ဆံကုန်လည်း တူမီးနဲ့ ဆက်လက်ရင်ဆိုင်မယ် - CDF-Kanpetlet

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကန်ပက်လက်မြို့နယ်ဘက်ကို သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာနေပြီး CDF-Kanpetlet တပ်ဖွဲ့က လက်နက် နဲ့ ကျည်ဆံမလုံလောက်မှုကြောင့် ဆုတ်ခွါစနစ်နဲ့ခုခံတော်လှန်နေရပြီး လက်နက်ကျည်ဆံကုန်သွား လည်း တူမီးသေနတ်နဲ့ဖြစ်ဖြစ် ခုခံကာကွယ်သွားမယ်လို့ CDF-Kanpetlet တပ်မမှူးကပြောပါတယ်။

“အခုက ကျနော်တို့ တတ်နိုင်သလောက် ရှိတဲ့လက်နက်လေးနဲ့ ခုခံတယ် ဒါပေမယ့် ကျည်ဆံကုန်တဲ့အခက်အခဲတွေဖြစ် လာတယ် ကာကွယ်ရေးအတွက်အတော်လေးအခက်ခဲဆုံးအခြေအနေဖြစ်လာတယ် စစ်ကောင်စီဘက်ကလည်း ဘယ်လို ရည်ရွယ်ချက်နဲ့ ကန်ပက်လက်ကိုဦးတည်နေသလဲတော့မသိဘူး ဒါပေမယ့်ကျနော်တို့ ကျည်ဆံကုန်ရင်လည်း ရှိတဲ့ တူမီးနဲ့ဖြစ်ဖြစ် ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ခုခံဖို့ပြင်ဆင်နေကြတယ်" လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းနယ်စပ် ရှင်းလက်မွန်ဘက်ကို ကျောက်ထုဘက်ကနေ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး CDF-Kanpetlet တပ်ဖွဲ့တို့နဲ့ မတ်လ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက် ၇ ဦးသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

“ကျနော်တို့ကန်ပက်လက်CDF တပ်ရင်းတစ်ရင်းအထိုင်ချတဲ့နေရာ အဲဒီမှာ စစ်ကြောင်း ၃ ကြောင်းနဲ့ထိုးစစ်ဆင်လာကြတယ် တိုက်ပွဲဖြစ်ကြတာ သူတို့ ၇ ယောက်လောက်သေတယ် ကန်ပက်လက်ဘက်ကို ဦးတည်ပြီးမှ စစ်ကြောင်းထိုးလာကြတယ်" လို့ CDF-Kanpetlet တပ်မမူးကပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာနဲ့ ဆောမြို့နယ်ဆွဲလွဲကျင်းရွာအကြား မှာ စစ်ကောင်စီတပ်နဲ့ CDF-Kanpetlet တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ သေဆုံးသွားတဲ့ သူတို့တပ်သားတွေရဲရုပ်အလောင်းတွေကို လမ်းဘေးတဲအိမ်တစ်အိမ်မှာ စုထားပြီး တဲအိမ်နဲ့အတူ မီးရှို့ခဲ့ကြတယ်လို့ CDF-Kanpetlet က ထုတ်ပြန်ပါတယ်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...