မြစ်ကြီးနားတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

မြစ်ကြီးနားတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

မြစ်ကြီးနားမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နှင့် ပစ်သတ်ခံရသည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဦးအောင်စိုးသည်

၎င်း၏အိမ်ရှေ့တွင် ထိုင်နေစဉ် ဆိုင်ကယ်စီးလာသူ ၂ဦးမှ သေ နတ်ဖြင့်ပစ်ခတ်၍ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်မှ ဆေးရုံသို့ပို့ဆောင်နေစဉ် သေဆုံးသွားခြင်း ဖြစ်သည်။

“သူက ခါတိုင်းလည်း အိမ်ရှေ့မှာ ထိုင်ပြီးဖုန်းသုံးနေကြ ဟုတ်တယ်။ ဒီနေ့ ကျနော်အလုပ်က ပြန်လာပြီး သူ့အိမ်ရှေ့ ရောက်တော့ သူ့ကို သူ့သမီးတွေက ပွေ့ထားတာ။ အုပ်ချုပ်ရေးမှုးက ပက်လက်ထိုင်ခုံမှာ လဲကျနေပြီး ရင်ဘတ်ကို ဖိထားတယ်။ ပါးစပ်ကတော့ သွေးတွေအများကြီးထွက်နေတာ” ဟု ကိုယ်တိုင်တွေ့ရှိခဲ့သူ အနှေးယာဉ် လုပ်သား တစ်ဦးက ပြောသည်။

မတ်လ ၂ ရက်နေ့၊ ညနေ ၅ နာရီကျော်အချိန်တွင် ၎င်း၏ နေအိမ်ရှေ့တွင်ပင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးသည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းသေနတ်ကျည် ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခြင်း ဖြစ်သည်ဟု ရွှေညောင်ပင်ရပ်ကွက်နေသူများက ပြောသည်။

ဦးအောင်စိုး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ၎င်း၏အိမ်ရှေ့တွင် အရပ်ဝတ်နှင့် ကျည်ကာအင်္ကျီ ဝတ်ဆင်ထား သည့် သေနတ်များကိုင်ဆောင်ထားသူ အများအပြားကို တွေ့ရသည်ဟု သိရသည်။

၎င်းသည် ၂၀၂၁ ဧပြီလအတွင်း စစ်ကောင်စီက အသစ်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး အမည်မသိ ဆိုင် ကယ်စီးနှင်းလာသူ လူငယ်နှစ်ဦးက ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ယခင်ကလည်း ရွှေညောင်ပင်ရပ်ကွက်ရုံးနှင့် ရွှေညောင်ပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်တို့ အသံမိုင်းဖြင့် လေးကြိမ်ခန့် ပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်။

ထို့အပြင် မြစ်ကြီးနားမြို့နယ်အတွင်းက ဟိုကပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျော်လီဆွေနှင့် စစ်ကောင်စီခန့် ဟိုကပ်အုပ်ချုပ်ရေးမှူး အသစ်တစ်ဦးအပါအဝင် နောင်နန်းကျေးရွာ အုပ်ချုပ်ရေးမှုးဦးလှမြင့် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူးတို့လည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသည့်ဖြစ်စဉ်များ ရှိခဲ့ သည်ဟု မြစ်ကြီးနားဒေသခံများက ပြောသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...