မြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင်များကို ထို်င်း နို်င်ငံသားမှတ်ပုံတင် ပြန်လည်ထုတ်ပေး

မြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင်များကို ထို်င်း နို်င်ငံသားမှတ်ပုံတင် ပြန်လည်ထုတ်ပေး
by -
ကေအိုင်စီ
ထိုင်းဘုရင်အစိုးရ၏ အမိန့်ပြန်တမ်းအရ ထိုင်းအစိုးရသည် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင် မြန်မာနိုင်ငံသားများကို ဇွန် ၁၇ ရက်နေ့တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ပိုင်ရုံး၌ ထိုင်းနိုင်ငံသားမှတ်ပုံတင်များကို ပြန်လည် ပြုလုပ််ပေးနေပြီဖြစ်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင် မြန်မာနိုင်ငံသား (၇၃)ဦးသည် ထိုင်းနိုင်ငံ အခြေခံဥပဒေတရားရုံး တွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားပြီးနောက် (၆)ဦးအား နိုင်ငံသားမှတ်ပုံတင်ကို ဦးဆုံးထုတ်ပေးခြင်းဖြစ်သည်ဟု မဲဆောက်မြို့ ပိုင် နိုင်ပရီချာကျင်ဖက်က သတင်းထောက်များကို ပြောသည်။

“ထိုင်းဘုရင်မင်းမြတ်ရဲ့ ခွင့်ပြုချက်နဲ့ ရ၃ဦးအနက် ၆ဦးကို နိုင်ငံသားအဖြစ် ကနဦး အသိအမှတ်ပြုလိုက်တယ်။ ကျန်တဲ့လူတွေလည်း ခွင့်ပြုချက် ရယူစရာမလိုဘဲနဲ့ သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ စာရင်းပေးပြီးရင် ကျမ်းသစ္စာ ကျိန်ရမယ်။ ပြီးရင် အထက်ကို စာရင်းထပ်တင်မယ်။ အထက်က လိုအပ်တာတွေ လုပ်ပြီးတာနဲ့ ထိုင်းနိုင်ငံသားမှတ်ပုံတင်ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

KIC170601

တာ့ခ်ခရိုင်အတွင်း၌ တာ့ခ်၊ မဲဆောက်၊ အုန်းဖန်၊ ဖုတ်ဖရ၊ မဲ့ရမ၊ ထာ့ဆောင်ယန်းမြို့နယ် (၅)မြို့နယ်၌ မြန်မာနိုင်ငံဖွား ထိုင်းအနွယ်ဝင် များကို ယခင်က ထိုင်းနိုင်ငံသားမှတ်ပုံတင်များ ထုတ်ပေးခဲ့မှုကို ရပ်ဆိုင်းထားရာမှ ထိုင်းဘုရင်မင်းမြတ်၏ ယခုနှစ် ဇွန်လ ၈ ရက်နေ့ အမိန့်ပြန်တမ်းစာအရ လက်ကျန်ထိုင်းအနွယ်ဝင်များကို ပြန်လည်ထုတ်ပေးခြင်းဖြစ်သည်ဟုလည်း သိရသည်။

ထိုင်းနိုင်ငံရှေ့နေများကောင်စီ နို်င်ငံမဲ့ရေးရာဋ္ဌာနတာဝန်ခံ နိုင်ဆူရဖုန်ကလည်း “ကျန်တဲ့လူတွေကလည်း သူတို့ သက်ဆိုင်ရာ မြို့နယ်ရုံးကနေပဲ ဇူလိုင်လ မတိုင်ခင် စာရင်းပေးသွင်းရမယ်။ ဇူလိုင်လ ၁ရက်နေ့မှာ တပြိုင်နက် ကျမ်းသစ္စာ ကျိန်ဆိုပြီးရင် စာရွက်စာတမ်းကို အထက်တင်ပြီး သုံးလအတွင်း ထိုင်းနိုင်ငံသား မှတ်ပုံတင် ထုတ်ပေးမှာဖြစ်တယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံသား မှတ်ပုံတင်ရရှိမည့် ၎င်းမြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင်များသည် နယ်စပ်ဒေသအတွင်း စစ်ရေးပဋိပက္ခကြောင့် ဆယ်စုနှစ် သုံးစုကျော်ကတည်းက မြန်မာနို်င်ငံ၊ မြဝတီမြို့နယ်၊ ဝှေ့ရှမ်းဒေသတို့မှ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မြို့နယ်(၅)မြို့နယ်များသို့ သွားရောက်ခိုလှုံနေကြသူများဖြစ်ကြသည်။

အဆိုပါမြို့နယ် (၅)ခုတွင် ထိုင်းနိုင်ငံသားမှတ်ပုံတင် မရသေးသည့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်လာသူမြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင်ဦးရေမှာ ၁,၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း သက်ဆိုင်ရာက ခန့်မှန်းထားကြသည်။

Most read this week

December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...
December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...