နောင်ချိုမြို့နယ်လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ယခင်ထက် များလာ

နောင်ချိုမြို့နယ်လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ယခင်ထက် များလာ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါး လာသောကြောင့် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ယခင်ကထက် ပိုများလာကြောင်း စုံစမ်းသိရှိရသည်။

နောင်ချိုမြို့တွင် လူငယ်အများစု မူးယစ်ဆေးသုံးစွဲနေကြပြီး ဆေးဝယ်ယူရန် လွယ်ကူသည့်အပြင် လူမြင်ကွင်းနေရာများပါ မူးယစ်ဆေးသုံးစွဲနေလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ နောင်ချိုမြို့နယ်မှာဆိုရင် လူငယ်တွေအများစုက မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်။ အသက် ၂၀ ကျော်တွေလည်း ရှိတယ်။ လယ်ကွင်းထဲမှာကော၊ နေရာတော်တော်များများမှာ မူးယစ်ဆေးသုံးနေတာ တွေ့ရတယ်” ဟု နောင်ချိုမြို့ ဒေသခံ ပရဟိတအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

နောင်ချိုမြို့တွင် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာသောကြောင့် လူငယ်များက မူးယစ်ဆေးဝါးသုံးစွဲမှု များလာကြောင်း သိရသည်။

“လူငယ်တွေက အလုပ်မရှိကြဘူး။ စိတ်လေတော့ မူးယစ်ဆေးသွားသုံးကြတာ။ သုံးတဲ့သူလည်း များလိုက်တာ။ ဝယ်ရတာလည်း လွယ်တော့ လူငယ်တွေကလည်း ဝယ်သုံးနေကြတယ်။ ထိန်းမရတော့တဲ့ အထိရှိတယ်” ဟု အထက်ပါ ပရဟိတလုပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးတွေ ကျဆင်းလာပြီး အလုပ်အကိုင်အခွင့်လမ်း ကျဆင်း လာသောကြောင့် လူငယ်များ မူးယစ်ဆေးသုံးစွဲမှု များလာကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၇ ရက်နေ့က နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာတွင်ရှိသည့် ဖုန်းဆိုင်တစ်ဆိုင်လည်း ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...