ဖားကန့်မြေစာပုံပြိုကျမှု ရေမဆေးသမား ၄၀ အထိအသေအပျောက်များနိုင်

ဖားကန့်မြေစာပုံပြိုကျမှု ရေမဆေးသမား ၄၀ အထိအသေအပျောက်များနိုင်

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမားများ ၄၀ ဦးထက်မနည်းသေဆုံးနိုင်ပြီး မတ်လ(၁) ရက်နေ့ နံနက်ပိုင်းအထိ မြေပြိုကျမှုတွင်ပါသွားသည့် အလောင်း ၁၅ လောင်း ရှာဖွေတွေ့ရှိထားကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ည ၉ နာရီအချိန် ဖားပြင်ရွာနှင့် မမုံရွာနောက်ဘက်ခြမ်းရှိ YTT နှင့်သံလွင်ဧရာလုပ်ကွက်တွင်မြေစာပုံ ပြိုကျမှုဖြစ်ပွားခဲ့သည့်အတွက် လုပ်ကွက်အတွင်း ရေမဆေးကျောက် ဝင်ရောက်ရှာဖွေနေသည့် ရေမဆေးသမား အများအပြားပါသွားကြောင်း ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုသည်။

”လူတော်တော်များတယ်တဲ့ပါသွားတာ လတ်တလောအတိအကျမသိရသေးဘူး စာရင်းတွေလုပ်နေတုန်း ခန့်မှန်းခြေတော့ ငါးဆယ် ခြောက်ဆယ်လောက်ပါသွားတယ်လို့သိရတယ်။အသေအပျောက်ကတော့ အသိအကျမသိရသေးဘူး ညမှာဖြစ်သွားတာဆိုတော့။ဒီနေ့ မနက်ပိုင်းအလောင်းရှာတာ အခု ၁၅ လောင်းတွေ့ထားပြီတဲ့ ”ဟုပြောသည်။

ယင်းမြေစာပုံ ပြိုကျမှုတွင်ဟတ်ဟိုး သုံးစီးနှင့် မြေသယ်ကားအချို့ပါသွားပြီး လတ်တလောရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

လွန်ခဲ့သည့် လအနည်းငယ်ခန့်ကလည်း မမုံရွာအနီးရှိ YTT ရတနာတောင်တန်းလုပ် ကွက်တွင်မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဥ်တွင်လည်း ဆေမဆေးကျောက်ရှာဖွေသူနှစ်ဦးသေဆုံးခဲ့သည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...