ကန်ပက်လက်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ၉ ရက်ကြာ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

ကန်ပက်လက်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ၉ ရက်ကြာ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

ကန်ပက်လက်မြို့နယ် ကျင်ဒွေးတပ်စခန်းသို့ ရိက္ခာ ပို့ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို CDF နှင့် အခြား မဟာမိတ်များမှတိုက်ခိုက် တိုက်ပွဲ( ၉ ) ရက်တိုင်တိုင် ဆက်လက်ပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု ခေါ်နူးတပ်ရင်း သတင်းနှင့်ပြန်ကြားရေး အဖွဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ပြီး ပြည်ထောင်စုအဆင့်၊ ကျင်ဒွေးတပ်စခန်းသို့ ရိက္ခာပို့ဆောင်နေသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ၉ ရက်တိုင်တိုင် ဆက်လက်ပြီး တိုက်ပွဲများ ပြင်းထန် နေသည့်အတွက် ဒေသခုခံကာကွယ်ရေး တပ်ဖွဲ့နှင့်စစ်ဘေးရှောင် အလွန်များပြား လာခြင်းတို့ကြောင့် စားနပ်ရိက္ခာ နှင့် အဘက်ဘက်မှ လိုအပ်ချက် များစွာ ရှိနေသည်ဟု ထုတ်ပြန်ထားပါသည်။

 အဆိုပါ တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၆ ရွာမှ လူဦးရေ ၁ ထောင်ကျော်  တောတောင်များထဲသို့ စစ်ဘေးရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် အခြားလိုအပ်ချက်များ ရှိနေကြရကြောင်း ဒေသခံများထံက သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...