ကန်ပက်လက်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ၉ ရက်ကြာ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

ကန်ပက်လက်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ၉ ရက်ကြာ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

ကန်ပက်လက်မြို့နယ် ကျင်ဒွေးတပ်စခန်းသို့ ရိက္ခာ ပို့ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို CDF နှင့် အခြား မဟာမိတ်များမှတိုက်ခိုက် တိုက်ပွဲ( ၉ ) ရက်တိုင်တိုင် ဆက်လက်ပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု ခေါ်နူးတပ်ရင်း သတင်းနှင့်ပြန်ကြားရေး အဖွဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ပြီး ပြည်ထောင်စုအဆင့်၊ ကျင်ဒွေးတပ်စခန်းသို့ ရိက္ခာပို့ဆောင်နေသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ၉ ရက်တိုင်တိုင် ဆက်လက်ပြီး တိုက်ပွဲများ ပြင်းထန် နေသည့်အတွက် ဒေသခုခံကာကွယ်ရေး တပ်ဖွဲ့နှင့်စစ်ဘေးရှောင် အလွန်များပြား လာခြင်းတို့ကြောင့် စားနပ်ရိက္ခာ နှင့် အဘက်ဘက်မှ လိုအပ်ချက် များစွာ ရှိနေသည်ဟု ထုတ်ပြန်ထားပါသည်။

 အဆိုပါ တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၆ ရွာမှ လူဦးရေ ၁ ထောင်ကျော်  တောတောင်များထဲသို့ စစ်ဘေးရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် အခြားလိုအပ်ချက်များ ရှိနေကြရကြောင်း ဒေသခံများထံက သိရသည်။

Most read this week

December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...