MIC ခွင့်ပြုချက်ရလျှင် ရန်ကုန်ရေကြောင်းဘတ်စ် စတင်နိုင်မည်

MIC ခွင့်ပြုချက်ရလျှင် ရန်ကုန်ရေကြောင်းဘတ်စ် စတင်နိုင်မည်
by -
မဇ္ဈိမ
 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ခွင့်ပြုချက်ရလျှင် ရန်ကုန်ရေကြောင်းဘတ်စ်အား စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လာမည့် နှစ်ပတ်အတွင်း စတင်နိုင်မည်ဟု သိရသည်။

"ဒီတစ်ပတ်နှစ်ပတ်အတွင်းမှာ အစ်မတို့ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့သံတမန်တွေအားတဲ့ရက်ကိုချိတ်ပြီးတော့ အစ်မတို့ ဖွင့်ပွဲလုပ်မှာပါ။ ဖွင့်ပွဲကတော့အရမ်းကပ်နေပါပြီ။ အစ်မတို့MIC စာရွက်လေးပဲ လိုတာပါ"ဟု ရန်ကုန်ရေကြောင်းဘတ်စ်အား တာဝန်ယူလုပ်ကိုင်နေသည့် တင့်တင့်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌဒေါ်တင့်တင့်လွင်က ပြောသည်။

ရေကြောင်းဘတ်စ်အတွက် ဆိပ်ခံများ၊ ငွေပေးချေမှုစနစ်များကို ပြင်ဆင်ပြီးစီးနေပြီဖြစ်ပြီး ပြေးဆွဲရန်သင်္ဘောများလည်း မှာယူတင်သွင်းထားပြီးဖြစ်သည်။

သို့သော်MICတွင် စာရွက်စာတမ်းတချို့တင်ပြရာမှာ မပြည့်စုံသဖြင့် အပိုပစ္စည်းစာရင်း ပမာဏများနေသည့်အတွက် ပြန်လည်လျော့ချနေရကြောင်း ၄င်းအတွင်စာရွက်စာတမ်းများ   ပြန်တင်ပြနေရသောကြောင့် ဇူလိုင်လထဲအထိ ပြေးဆွဲရန် နှောင့်နှေးနေရကြောင်း ဒေါ်တင့်တင့်လွင်က ပြောသည်။

"စာရွက်စာတမ်းလုပ်တာအစ်မတို့လိုသွားတဲ့အတွက် အစ်မတို့နှစ်ပတ်လောက်တော့ကြန့်ကြာသွားတယ်ပေါ့နော် အမှန်ဆိုလို့ရှိရင်တော့အစ်မတို့ကို Public Transport (အများပြည်သူသယ်သူပို့ဆောင်ရေး) အနေနဲ့ ဒီDocumentation(စာရွက်စာတမ်း) ပိုင်းဆိုင်ရာလေးတွေကို ပိုမိုမြန်ဆန်အောင်လို့ အကူအညီပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်" ဟု တင့်တင့်မြန်မာကုမ္ပဏီမှ ဒေါ်တင့်တင့်လွင်က မဇ္စျိမကိုပြောသည်။

ရန်ကုန်ရေးကြောင်းဘတ်စ်ပြေးဆွဲရန်တာဝန်ယူလုပ်ကိုင်နေသည့် တင့်တင့်မြန်မာကုမ္ပဏီမှာ Inland Water Transport(IWT)နှင့် ပူးပေါင်းကာ Captainများ၊ Crewများအားခန့်ထားပြီး   နိုင်ငံခြားသားနည်းပြများဖြင့် လေ့ကျင့်ရေးပေးလျက်ရှိသည်။

 ဒေသခံများအလုပ်အကိုင်ရရှိရေးအတွက်လည်း ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဒလမြို့နယ်တို့မှ အခြေခံလူတန်းစားမိသားစုများကို သန့်ရှင်းရေးဝန်ထမ်းများအဖြစ် ခန့်အပ်ပေးထားသည်။

လက်ရှိအချိန်၌ ရေကြောင်းဘတ်စ်ဖွင့်ပွဲအတွက် သံတမန်များနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ကို ဖိတ်ကြားရန် ဖိတ်စာများပြင်ဆင်နေပြီဖြစ်သည်။

MIC(မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)ဆိုသည်မှာ နိုင်ငံခြားသားတစ်ဦးပိုင်လုပ်ငန်းမှလွဲ၍ အနည်းဆုံးရှယ်ယာရှင်နှစ်ဦးရှိသည့်လုပ်ငန်းများ၊ ကုမ္ပဏီတည်ထောင်၍ လုပ်ငန်းလုပ်ကိုင် လိုသူများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်လျှောက်ထားလိုသူများ၊ အစုရှယ်ယာထည့်ဝင်၍ ဆောင်ရွက်ရသည့်လုပ်ငန်းများ၊ ဥပဒေရေးရာနှင့်ပတ်သတ်ပြီး ခိုင်မာစေရန်ဆောင်ရွက်လိုသူများ၊ မြန်မာနိုင်ငံရှိအဖွဲ့အစည်းများ၊ အစိုးရဌာနများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် ယုံကြည်မှုမြှင့်တင်လိုသူများ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ကြေငြာထားသည်။

ကုမ္ပဏီမှတ်ပုံတင်သွင်းရာတွင်လည်း အမျိုးအစား(၆)မျိုးဖြင့်ရွေးချယ်မှတ်ပုံတင်နိုင်မည်ဖြစ်သည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဝက်ဆိုက်ဒ်တွင် ကြေညာထားသည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...