စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ်ဘက်သို့ ထိုးစစ်ဆင်

စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ်ဘက်သို့ ထိုးစစ်ဆင်

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဘက်ကိုဦးတည်ကာ မကွေးတိုင်းဘက်ကနေ စစ်ကောင်စီ တပ်ဖွဲ့က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့တယ္လို့ ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“မကွေးတိုင်းကိုကျော်လာပြီ ကျင်ဒွေးကိုထိုးစစ်ဆင်ဖို့ပေါ့နော။အဲ့တာနဲ့ ကျွန်တော်တို့အဖွဲ့ကလည်းစောင့်တယ်။ တိုက်ခို က်တာတွေတော့ရှိတယ် မနေ့ကမရှိဘူး တနေ့ကရှိတယ်။ သူတို့ဖက်က အရမ်းအင်အားများတယ်။ အခုက သူတို့က ကျင်ဒွေးမြို့ကို ဦးတည်ပြီးမှ တောက်လျှေက်ကို တက်လာနေတယ် မနက်ဖြန်၊တဖက်ခါ လောက်ဆိုရင် ကျင်ဒွေးကို ဝင်မယ်။”လို့  CDF-Kanpetlet ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မကွေးတိုင်း လောင်းရှည်ကနေ မဆာတွီ- ကျင်ဒွေးလမ်းကြောင်ကနေ ထိုးစစ်ဆင်လာ တာကြောင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားတဲ့အပြင် လမ်းကြောင်းတလျှောက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အနီးအနားရှိကျေးရွာပြည်သူများ ဘေးလွတ်ရာထွက် ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ကန်ပက်လက်မြို့နယ်  မဆာတွီ၊ မောချောင်း၊ လှိိုင်ဒုတ်ရွာ၊ ထန်းကုန်းကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်ရှောင်နေကြရသလို နေထိုင်စားသောက် ရေးမှာလည်း အခက်ခဲကြုံနေကြရတယ်လို့ သိရပါတယ်။

“အခုချိန်ကတော့ သူတို့က အိမ်တွေဘာတွေအကုန်လုံးစွန့်ပြီးမှ တောထဲကို သွားပြီးမှ ရှောင်နေရတာဖြစ်တဲ့ အတွက် လတ်တလော သူတို့မှာ နေစရာ၊ ထိုင်စရာတွေ မိုးကလည်းရွာတယ် မနေ့တနေ့က မုန်တိုင်းပုံစံ အရမ်းရွာနေတော့ သူတို့မှာ တာလပတ်လိုတယ်၊ အခက်အခဲတွေတော့ အများကြီးပဲ စားနပ်ရိက္ခာပိုင်းရော တောထဲမှာ ခက်ခဲနေကြတာပေါ့ အခုချိန်မှာ” လို့ CDF-Kanpetlet ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကန်ပက်လက်မြို့နယ် ကျင်းဒွဲမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့အခါ မောချောင်းကျေးရွာက လူနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပစ္စည်းတွေကိုလည်း ယူဆောင်တဲ့အပြင် မဆာတွီကျေးရွာက လူနေအိမ်တိုင်းကိုလည်း မွှေနှောက်ကာတန်ဖိုး ကြီးပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...