မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီ ၆၀ ကျော် သေဆုံး

မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီ ၆၀ ကျော် သေဆုံး

သျှမ်းတောင် မိုးဗြဲမြို့နယ်တစ်ဝိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက်မှ ၂၁ရက်နေ့အထိ စစ်ကောင်စီဘက်က ၆၁ ဦးထိ ကျဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်၊သံချက်ကာ အမြောက်ကားများအပြင် တာဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုတစ်ပတ်အတွင်း တိုက်လေယာဉ်၊ရဟတ်ယာဉ် လေကြောင်းကနေ ၂၁ကြိမ်၊ မိုးဗြဲအခြေစိုက် (ခမရ-၄၂၂)၊ လွိုင်ကော်အခြေစိုက် (ခလရ-၂၅ဝ) နဲ့(ခလရ-၂၆၁)နဲ့ ဒီးမော့ဆိုမြို့နယ် အခြေစိုက် (ခမရ-၄၂၇)တို့မှ ၁၂ဝမမ၊ ၈ဝမမ တို့ဖြင့် တစ်နေ့ အကြိမ် ၁ဝဝ ခန့်ဖြင့် စုစုပေါင်း အကြိမ်ပေါင်း ၅ဝဝ ကျော်ထိ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားသည်။

ဖေဖော်ဝါရီ ၁၇ရက်တွင် စစ်ကောင်စီ၏ သံချပ်ကာကား ၂စီး ပျက်စီးခဲ့ပြီး ၁၉ရက်နေ့တွင် လက်နက်ခဲယမ်းပို့ကား ၃စီးတို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဖျက်စီးနိုင်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ၏ လက်နက်ငယ်တချို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီမှ မိုးဗြဲမြို့နယ် ဝါရီဆူးဖလိုင်နှင့် ဝီသဲကူးကျေးရွာက နေအိမ်များကို မီးရှို့ခဲ့ပြီး ဝါရီဆူးဖလိုင်က ကျေးရွာသားအချို့ကိုလည်းဖမ်းစီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု ၁ဝဦးထက်မနည်းရှိိကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း KNDFဘက်မှ ရဲဘော် ၅ဦးကျဆုံးခဲ့ပြီး အခြားသော ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ကလည်း ကျဆုံးမှုရှိခဲ့သည်။

လက်ရှိမှာလည်း စစ်ကောင်စီဘက်က မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်ဘက်ကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေပြီး လွိုင်ကော်ဘက်ကနေ ဒီးမော့ဆိုဘက်ကို စစ်ကြောင်းထိုးဖို့ အရိပ်အယောင်လည်း ထပ်ရှိနေသည်။

ထို့ကြောင့် တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် လူထုတွေအနေဖြင့် မိုးဗြဲ၊လွိုင်ကော်နှှင့် ဒီးမောဆိုမြို့မြို့နယ်ဘက်ကို ခရီးသွားလာခြင်း လုံးဝမပြုလုပ်ကြရန်လည်း KNDF က တိုက်တွန်းနှိုးဆော်ထားသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...