ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာပေါင်း ၆ ရွာမှ ဒေသခံ ၁ ထောင်ခန့် တောတောင်ထဲ စစ်ဘေးရှောင်နေရ

ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာပေါင်း ၆ ရွာမှ ဒေသခံ ၁ ထောင်ခန့် တောတောင်ထဲ စစ်ဘေးရှောင်နေရ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲများကြောင့် ကျေးရွာပေါင်း (၆) ရွာမှ လူဦးရေ တစ်ထောင်ဝန်းကျင် တောတောင်များထဲတွင် ထွက်ပြေးစစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

ဒေသခံတစ်ဦးက “ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အယောက် ၂၀၀ ကျော်ဝန်းကျင်တွေနဲ့ ကျေးရွာနားမှာရှိတဲ့ ဒေသလူငယ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ စဖြစ်တော့ ရွာတွေထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာတစ်ရွာကဆိုရင် အိမ်တွေမီးလိုက်ရှို့တယ် ပြီးတော့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကြတယ် တချို့ဟာဆိုရင် ယူသွားကြတယ်၊ ရွာသားတွေကလည်း မနေရဲတော့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်။” ဟုပြောသည်။

ကန်ပက်လက်မြို့နယ်ရှိ မောချောင်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၅ ရွာမှ  ပြည်သူ ၁၀၀၀ ဝန်းကျင်ခန့် ကျေးရွာများကို စွန့်ခွာကာ  တောတောင်ထဲ စစ်ဘေးရှောင်နေကြ ရသည်ဟု သိရသည်။

Most read this week

December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...