ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာပေါင်း ၆ ရွာမှ ဒေသခံ ၁ ထောင်ခန့် တောတောင်ထဲ စစ်ဘေးရှောင်နေရ

ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာပေါင်း ၆ ရွာမှ ဒေသခံ ၁ ထောင်ခန့် တောတောင်ထဲ စစ်ဘေးရှောင်နေရ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲများကြောင့် ကျေးရွာပေါင်း (၆) ရွာမှ လူဦးရေ တစ်ထောင်ဝန်းကျင် တောတောင်များထဲတွင် ထွက်ပြေးစစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

ဒေသခံတစ်ဦးက “ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အယောက် ၂၀၀ ကျော်ဝန်းကျင်တွေနဲ့ ကျေးရွာနားမှာရှိတဲ့ ဒေသလူငယ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ စဖြစ်တော့ ရွာတွေထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာတစ်ရွာကဆိုရင် အိမ်တွေမီးလိုက်ရှို့တယ် ပြီးတော့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကြတယ် တချို့ဟာဆိုရင် ယူသွားကြတယ်၊ ရွာသားတွေကလည်း မနေရဲတော့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်။” ဟုပြောသည်။

ကန်ပက်လက်မြို့နယ်ရှိ မောချောင်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၅ ရွာမှ  ပြည်သူ ၁၀၀၀ ဝန်းကျင်ခန့် ကျေးရွာများကို စွန့်ခွာကာ  တောတောင်ထဲ စစ်ဘေးရှောင်နေကြ ရသည်ဟု သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...