ဟားခါးမြို့ပေါ်တွင် VPN ဆော့ဝဲ အသုံးပြုသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးဒဏ်ငွေရိုက်

ဟားခါးမြို့ပေါ်တွင် VPN ဆော့ဝဲ အသုံးပြုသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးဒဏ်ငွေရိုက်

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြို့ဝင်၊မြို့ ထွက်ဂိ တ်များတွင် စစ်ဆေးရေး တင်းကြပ်လျှက်ရှိပြီး  ဖုန်းတွင် VPN (Virtual Private Network) ဆော့ဝဲတွေ့ရှိပါက ဖမ်းဆီးကာ ဒဏ်ငွေေ ဆာင်ခိုင်း မှုလည်း ပိုမိုလုပ်ဆောင်လာနေကြောင်း ဟားခါးဒေသခံတစ်ဦးကပြောသည်။

“ တချို့တွေက VPN က တမျိုးထဲမဟုတ်ဘဲနဲ့ ၃ မျိုးလောက်ရှိတယ်လေ တကယ်လို့များ ၁ မျိုးကိုတွေ့ရင် ၅ သောင်းယူ တာ။ ဒဏ်ငွေအရိုက်ခံရတာ ၄-၅ ယောက်တော့အနည်းဆုံးရှိတယ်။ VPN ပဲအဓိက။ ပြီးတော့ တချို့ တွေ ကျတော့ Facebook ကြည့်ပြီးအဖမ်းခံရတဲ့သူတွေလည်းရှိတယ် မသင်္ကာတဲ့အနေနဲ့၊ အဲ့ကိစ္စနဲ့ အဖမ်းခံ ရတာများပြီ။ တချို့ကို ၅ နာရီလောက်ဆိုပြန်လွတ်ပေးတယ်။ အဲ့ထဲက တယောက်ဆိုရင် ၁ ပတ်လောက်ကြာပြီ ပြန်မလွတ်သေးဘူး။ သူက ဖုန်းထဲမှာလည်း အပြစ်တော့မရှိပါဘူး။ ဒါပေမယ့် အပြစ်ရှာတာပေါ့ ဟားခါးမှာတော့ မလွယ်ဘူး အပြင်ထွက်ရင် တော့” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း ဟားခါးမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲသည့် ဟားခါးမန်းခရီးသည်တင်ကား တစ်စီး ဟားခါးမြို့အထွက်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရာတွင် ကားပေါ်မှပါလာ သည့် လူငယ် ၃ ဦး၏ ဖုန်းကို စစ်ဆေးကာ ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း Facebook လူမှုကွန်ရက် ပိတ်ထားခံရပြီး VPN အသုံးပြုပြီးမှသာ သတင်းအချက်အလက်များကို ကြည့်ရှုနေရသည့်အနေအထားဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့မှ ဖုန်းတွင် VPN ဆော့ဝဲ စစ်ဆေးဖမ်းဆီးခြင်းများတင်းကြပ်လာနေသောကြောင့် Facebook သုံးပြုရန်ခက်ခဲလာသည့်အပြင် သတင်းများလည်း အချိန်မှီမသိရှိနိုင်တော့ကြောင်း ဟားခါးမြို့ခံတစ်ဦး ကပြောသည်။

“ ကျွန်တော်လည်း သတင်းသိပ်မကြည့်ဖြစ်ဘူး။ VPN သုံးပြီးမှ Facebook ကြည့်ရမှာဆိုတော့ VPN ခနခနဖမ်း တော့ VPN ကို ကျွန်တော်ဖြုတ်လိုက် ပြန် Install လုပ်လိုက်ဆိုရင် ဖုန်းပျက်သွားမှာစိုးလို့ Install မလုပ်တော့ တာ အခုဆိုရင် ဘာသတင်းမှ မဖတ်ဘူး။ သူများစီကနေပဲပြန်နားထောင်ရတယ်။” ဟု ဟားခါးမြို့ခံတစ်ဦး ကပြောသည်။

ဟားခါးမြို့ပေါ်တွင် အပြင်ထွက်ပြီး ဖုန်းပါမသွားသည့်ပြည်သူများကိုလည်း ရဲနှင့်စစ်သားများက ဖုန်းပြန်ယူ ခိုင်းသည်အထိ စစ်ဆေးရေးတင်းကြပ်နေသည်ဟုလည်း သူကဆက်ပြောသည်။

ဖုန်းကွန်ရက်ဖြင့် အင်တာနက်လိပ်စာ ခြေရာခံခြင်းကို ဖျောက်နိုင်သည့် VPN (Virtual Private Network) စနစ်ကို ခွင့်ပြုချက်မပါဘဲ အသုံးပြုလျှင် ထောင်ဒဏ် ၃ နှစ်မှ ငွေသိန်းငါးဆယ်ထက်မပိုသည့် ဒဏ်ငွေဖြစ်၊ ဒဏ်နှစ်ရပ်လုံးချ မှတ်နိုင်သည့် ဆိုင်ဘာလုံခြုံရေးဥပဒေအပြဌာန်းရန် စစ်ကောင်စီမှ ကြိုးပမ်းလာနေခြင်းဖြစ်ပြီး တခြားမြို့နယ်များတွင် လည်း VPN စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးအချိန်မှစတင်ပြီး အင်တာနက်လိုင်းများဖြတ်တောက်ခဲ့ကာ ချင်းပြည်နယ်တွ င်လည်း ဟားခါးမှလွဲပြီး ကျန်မြို့နယ်များကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် အင်တာနက် ဖြတ်တောက်ခဲ့ ပြီး အများ ပြည်သူအဓိကထား အသုံးပြုသည့်  Facebook မှာလည်း အသုံးမပြုနိုင်အောင် နည်းပညာဖြင့် ပိတ်ပင်ထား ခြင်းကြောင့် VPN စနစ်ဖြင့်သာ အသုံးပြုနေကြရခြင်းဖြစ်သည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...