သီပေါမြို့ လင်မယားရန်ဖြစ်ရာမှ အမျိုးသားအင်္ဂါ ဖြတ်ခံရ

သီပေါမြို့ လင်မယားရန်ဖြစ်ရာမှ အမျိုးသားအင်္ဂါ ဖြတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ည (၁၀) နာရီဝန်းကျင်တွင် လင်မယားနှစ်ဦး ရန်ဖြစ်ပွားရာမှ အမျိုးသမီးဖြစ်သူက အမျိုးသား၏ ငယ်ပါအင်္ဂါကို ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ထို လင်မယားနှစ်ဦးသည် မည်သည့် အကြောင်းကိစ္စကြောင့် ရန်ဖြစ်ပွားသည်ကို မသိရှိရသေးပေ။

“ဘာကြောင့် ရန်ဖြစ်လည်းတော့ မသိဘူး။ ကျနော်တို့လည်း ဆေးခန်းက ဖုန်းခေါ်လာလို့ သွားရောက်ကူညီပေးခဲ့တာ။ အမျိုးသားကတော့ အင်္ဂါ ဖြတ်ခံရတယ်။ လက်ရှိအချိန်က အမျိုးသမီးက ဘယ်မှာရှိနေလဲ မသိသေးဘူး။ ရဲတွေခေါ်ထားတာလား မသိဘူး” ဟု သီပေါမြို့ ပရဟိတအဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။

လက်ရှိမှာ ထို အမျိုးသားသည် လားရှိုးဆေးရုံသို့ ရောက်ရှိနေပြီး ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...