တာလေ – ကျိုင်းလပ် လမ်းပေါ် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ပိုက်ဆံကောက်

တာလေ – ကျိုင်းလပ် လမ်းပေါ် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ပိုက်ဆံကောက်

သျှမ်းပြည်အရှေ့ပိုင်း တာလေ-ကျိုင်းလပ်မြို့ လမ်းတစ်ကြောတွင် စစ်ကောင်စီ နှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကုန်တင်ကားများကို ပိုက်ဆံ အဆမတန် ကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုလမ်းတစ်ကြောတွင် စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် နားယောင်းပြည်သူ့စစ်တို့ ပူးပေါင်ပြီး ဂိတ်များကို တိုးချဲ့ဖွင့်ကာ ကုန်တင်ကားများ၊ ဒေသခံပြည်သူများထံ ပိုက်ဆံပိုကောက်ယူနေလျက်ရှိကြောင်း သိရသည်။

“ကုန်တင်ကားတွေကို ပိုက်ဆံကောက်နေတာတဲ့၊ နေရာက နားမွန်မှာ ဖြစ်တယ်။ ကုန်တင်ကားတစ်စီးကို ဘတ် ၁၀၀၀ ( ၅ သောင်းဝန်းကျင်) လောက် တောင်းတယ်။ ကျွဲ၊ နွားကျောင်းတဲ့သူတွေ ဖြတ်သွားရင်လည်း ကောက်တယ်။ အရင်က ဒီလောက်ထိ မကောက်ဖူးဘူး။ အခု အာဏာသိမ်းပြီးနောက်ပိုင်းမှာဘဲ ပိုက်ဆံကို ကောက်လာတာ” တာလေမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တာလေမြို့နှင့်ကျိုင်းလပ်ကြားရှိ နမ့်မွေချောင်းတံတားတွင်လည်း နားယောင်း လားဟူပြည်သူ့စစ်က ၂၄ နာရီ စောင့်ဆိုင်းနေကြောင်း သိရသည်။

ထို့အပြင် တာလေမြို့နယ်အတွင်းဘက်တွင်လည်း စစ်ကောင်စီက ကောက်ယူမှု ရှိနေသေးကြောင်း သိရသည်။

“တာလေမြို့နယ်အတွင်းထဲမှာလည်း စစ်ကောင်စီက ကောက်နေတာရှိသေးတယ်။ သူလည်း ၂၄ နာရီစောင့်ပြီးတော့ ကောက်တာ။ နားယောင်းဘက်မှာလည်း ရဲတွေက စောင့်တယ်။ ကျွဲ၊ နွားကျောင်းတဲ့သူတွေ ဖြတ်သွားရင်လည်း ဘတ် ၁၀၀ ကနေ ၂၀၀ အထိ တောာင်းခံတာတွေရှိတယ်။ ကြားထဲမှာ ဂိတ်တွေ အများကြီးရှိသေးတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တာလေ-ကျိုင်းလပ် လမ်းကြောတွင် ကုန်တင်ကားများ အဓိကထားသွားသည့်လမ်းဖြစ်ပြီး တရုတ်နိုင်ငံမှ တင်သွင်းလာသည့် စီးပွားရေးလမ်းကြောင်းဖြစ်သောကြောင့် စစ်ကောင်စီ နှင့် ပြည်သူ့စစ်များက အခွန်ပိုကောက်နေလျက်ရှိကြောင်း သိရသည်။

အဆိုပါ တာလေမြို့ နှင့် ကျိုင်းလပ်မြို့ကြားတွင် အခွန်ကောက်နေသည့်နေရာ (၅) ခုအထိရှိကြောင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...