ချင်းတော်လှန်ရေး ရန်ပုံငွေအဖွဲ့ဖွဲ့စည်းကြောင်း ကြေညာ

ချင်းတော်လှန်ရေး ရန်ပုံငွေအဖွဲ့ဖွဲ့စည်းကြောင်း ကြေညာ

တော်လှန်ရေးကာလအတွင်း လိုအပ်သည့် ရန်ပုံငွေများထောက်ပံ့နိုင်ရန် ရည်ရွယ်လျက် တော်လှန်ရေးရန်ပုံငွေအဖွဲ့ကို နိုင်ငံတကာရောက် ချင်းလူမှုအသိုင်းအဝိုင်းမှ ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ကြေညာလိုက်သည်။

ချင်းအမျိုးသားတော်လှန်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေများ အားဖြည့်ပေးနိုင်ရန် Chin Revolution Funding Program - ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ချင်းအမျိုးသားတော်လှန်ရေးအတွက် စုပေါင်းအားဖြင့် ဘဏ္ဍာငွေရှာဖွေနိုင်သည့် နည်းစနစ်များ ဖော်ဆောင်လျက် ရန်ပုံငွေရှာဖွေရန်၊ ချင်းလူမျိုးမဟုတ်သည့် မည်သည့်လူမျိုးမဆို ချင်းအမျိုးသားတော်လှန်ရေးအတွက် အားဖြည့်ကူညီနိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးရန် နှင့် ချင်းတော်လှန်ရေးအင်အားစုများ၏ ဘဏ္ဍာရေးလိုအပ်ချက် ကွက်လပ်အား နောက်တန်းမှ အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

အဆိုပါအဖွဲ့မှ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ချင်းအမျိုးသားများ စည်းလုံးညီညွတ်မှု၊ စုပေါင်းခေါင်းဆောင်မှုနှင့် အပြန်အလှန်လေးစားမှု။ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု၊ ကိုယ်ကျိုးခံစားခွင့်မယူသည့် လုပ်အားပေးမှု၊ ဘုံရည်မှန်းချက်တူညီသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု နှင့် မိမိအဖွဲ့၊ မိတ်ဖက်အဖွဲ့များ၊ အလှူရှင်များနှင့် ကံစမ်းမဲဝယ်ယူအားပေးသူ အသီးသီးတို့၏ လုံခြုံမှုစသည့် အခြေခံမူများကို လိုက်နာကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

Chin Revolution Funding Program-ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့သည် National Unity Consultative Council (NUCC)၊ National Unity Government (NUG)၊ Committee Representing Pyidaungsu Hluttaw (CRPH) များသာလျှင် မြန်မာနိုင်ငံ၏တရားဝင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများအဖြစ် လက်ခံပြီး Interim Chin National Consultative Council (ICNCC)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ (ပအဖများ)၊ Chinland Joint Defence Committee (CJDC) နှင့် အခြားချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည်  ချင်းပြည်နယ် ကို တရားဝင်ကိုယ်စားပြုသည့် အဖွဲ့အစည်းများဖြစ်ကြောင်း လက်ခံထားကြောင်း၊ ထို့ကြောင့် Chin Revolution Funding Program-ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့သည် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဒေသန္တရအစိုးရများမှ ပြဌာန်းသည့် ဥပဒေ/နည်းဥပဒေများနှင့်အညီ ရန်ပုံငွေ ရှာဖွေသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...