မုဒုံနှင့် သထုံရှိ NLD အမတ်ဟောင်းများ နေအိမ် ထပ်မံချိတ်ပိတ်ခံရ

မုဒုံနှင့် သထုံရှိ NLD အမတ်ဟောင်းများ နေအိမ် ထပ်မံချိတ်ပိတ်ခံရ

မွန်ပြည်နယ်ရှိ မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှ အမတ်ဟောင်း ဒေါ်ခင်ကျော့ဖြူနှင့် သထုံမြို့နယ်မှ NLD ပါတီ အမတ်ဟောင်း ဦးအောင်ကျော်သူတို့ နေအိမ်ကို သက်ဆိုင်ရာများမှ ဖေဖော်ဝါရီ ၂၀ရက်နေ့က လာရောက်ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိမှာ နောက်ထပ် ချိတ်ပိတ်ရန်နေရာများရှိနေပြီး စိစစ်အရေးယူသွားရန် စီစဥ်နေကြောင်းနှင့်  နေအိမ်ချိတ်ပိတ်ခြင်း လုပ်ငန်းစဥ်များသည် ဥပဒေအတိုင်း အဆင့်ဆင့် လုပ်ဆောင်တာမျိုး မရှိကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

“နေအိမ် ချိတ်ပိတ်တယ်ဆိုတာ ဒီလိုမျိုး ချက်ချင်းအမိန့်ထုတ် ချက်ချင်းသွားပိတ်တာမျိုး လုပ်လို့ ဘယ်ရမလဲ။ အခုလုပ်နေတာတွေက အဆင့်ဆင့်လုပ်နေတာလည်း မဟုတ်ဘူး။ တကယ်ဆို တရားစွဲ၊ တရားရုံးကအမိန့်ချမှ ချိတ်ပိတ်နိုင်မယ်။ ဒါတောင် မခိုင်လုံရင် ဒီဘက်ကနေ ပြန်ချေပနိုင်တယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်ရှိ NLD ပါတီထောက်ခံသူတချို့နှင့် ပါတီဝင်အမတ်ဟောင်းများနေအိမ်ကို ယခုရက်ပိုင်းအတွင်း ချိတ်ပိတ်ခြင်းမျိုး ပိုမိုများပြားလာကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများကြောင့် နေအိမ်ကို ချိတ်ပိတ်ခြင်းဖြစ်ကြောင်း သက်ဆိုင်အရာအသိုင်းအဝိုင်းက ပြောကြားထားပြီး မွန်ပြည်နယ်တွင် ချိတ်ပိတ်ခံရသည့် NLD အမတ်ဟောင်းနေအိမ် ၄လုံးအထိ ရှိနေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်လည်း NLD ပါတီမှ ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၏ နေအိမ်နှင့် ဆေးကုခန်း၊ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်တို့သည်လည်း ချိတ်ပိတ်ခံခဲ့ရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...