ရန်ကြီးအောင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး

ရန်ကြီးအောင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး- ဂန့်ဂေါ်လမ်းပေါ်တွင်ရှိသော ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို CDF- KKG/CDF-Hakha ပူးပေါင်းတပ်တို့မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီက အလစ်ငိုက်ဝင်ရောက်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲမှာ ၁ နာရီခန့်ကြာမြင့််ခဲ့ခြင်းဖြစ်ပြီး CDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း CDF-KKG  ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၁၅ ရက်က ရန်ကြီးအောင်ကျေးရွာရှိ လူနေအိမ်များကို တကြိမ် မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ယမန်နေ့က ထပ်မံတကြိမ် မီးရှို့ခဲသည့်အတွက် လူနေအိမ် ၈ အိမ် မီးရှို့ပျက်ဆီး သွားပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒေသခံ ပြည်သူများကို ခြ်ိမ်း ခြောက် အကြပ်ကိုင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း CDF-KKG/ CDF-Hakha ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီ တပ်စခန်းကို အလစ်ငိုက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...