ချင်းအမျိုးသားနေ့အတွက် ပြည်ထောင်စုအဆင့် ဝန်ကြီးများ ဖိတ်ကြားထားဟုဆို

ချင်းအမျိုးသားနေ့အတွက် ပြည်ထောင်စုအဆင့် ဝန်ကြီးများ ဖိတ်ကြားထားဟုဆို

ချင်းပြည်နယ်တွင် ကျင်းပမည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ကျရောက်မည့် ( ၇၄ )နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပြည်ထောင်စုအဆင့် ဝန်ကြီးများ ဖိတ်ကြားထားကြောင်း  စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးဦးကျော်ငြိမ်းက ပြောပါသည်။

ဝန်ကြီး ဦးကျော်ငြိမ်းက “ထန်တလန်မြို့ကလွဲရင် ကျန်တဲ့မြို့နယ် ၈ ခုမှာ ချင်းအမျိုးသားနေ့ လုပ်သွားဖို့ရှိတယ် အခုလုပ်မယ့် ချင်းအမျိုးသားနေ့ကလည်း နှစ်စဉ်မပျက်ကွက်ဘဲ လုပ်ဖြစ်တဲ့ သဘောလောက်ပါဘဲ ပြည်ထောင်စုအဆင့်် ဝန်ကြီးတွေကိုလည်း ဖိတ်ကြားထားပါတယ် နောက်ပြီး ပွဲလုပ်ဖို့ ခရိုင်မြို့ဆိုရင် သိန်း ၂၀၊ မြို့ဘဲဆိုရင် ၁၅ သိန်း အဲလိုသက်မှတ်ပြီးလုပ်ဖို့ ညွှန်ကြားတာမျိုးရှိပါတယ်”ဟုပြောသည်။

လာမည့်ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားပြုလုပ်မည့် စစ်ကောင်စီ အစီအစဉ်တွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ရန် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ တိုက်တွန်းမှုများလည်း ရှိသည်ဟု သိရသည်။

လက်ရှိချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခုခံကာကွယ်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူများစွာ ရှိနေကြောင်းလည်းသိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...