မီဇိုရမ်တွင် စစ်ဘေးရှောင်များအတွက် ဆေးခန်းဖွင့်

မီဇိုရမ်တွင် စစ်ဘေးရှောင်များအတွက် ဆေးခန်းဖွင့်

မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်များ အလွယ်တကူဆေးကုသမှုခံယူနိုင်ရေးအတွက်ရည်ရွယ်ပြီး Myanmar Refugee Relief Committee (MRRC), Chin Health Organization (CHO), Mizo Students Union (MSU) နှင့် BN Hospital တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့က MSU OPD ကို မြို့တော် အိုင်ဇောလ်မြို့ Kulikawn ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

Myanmar Refugee Relief Committee (MRRC) ဥက္ကဌ Vantea က “အဓိကအားဖြင့်တော့ CHO နှင့် MRRC တို့ ပူးပေါင်းလက်တွဲလုပ်ဆောင်ခြင်းဖြစ်တယ်။ MSU နဲ့ BN Hospital တို့နဲ့ လက်တွဲပြီး လုပ်ဆောင်သွားမှာဖြစ်တယ်။ အဓိကရည်ရွယ်တာကတော့ စစ်ဘေးရှောင်တွေဖြစ်တယ်။ ပြီးတော့ CHO ဘက်က ဆရာဝန် ၄ ဦးနှင့် သူနာပြုတွေလည်း ရှိပြီးသားဖြစ်တယ်။ သူတို့တွေကတော့ ဒီဘက်ကို စစ်ဘေးရှောင်လာတဲ့ CDM ဝန်ထမ်းတွေဖြစ်တယ်။” ဟု ပြောသည်။

ဆက်လက်ပြီး Vantea က “ဒီမှာ အလုပ်လုပ်မဲ့ ဆရာဝန်နှင့်သူနာပြုတွေက အားလုံး Voluntary သက်သက်ဖြစ် တယ်။ ပြီးတော့ ရှေ့လုပ်ငန်းစဉ်အနေနဲ့ အခြားမြို့နယ်မှာရှိကြတဲ့ စစ်ဘေးရှောင်စခန်းတွေမှာသွားပြီး Free Clinic လုပ်ပေးဖို့ လည်း ရှိတယ်” ဟု ပြောသည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...