မီဇိုရမ်တွင် စစ်ဘေးရှောင်များအတွက် ဆေးခန်းဖွင့်

မီဇိုရမ်တွင် စစ်ဘေးရှောင်များအတွက် ဆေးခန်းဖွင့်

မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်များ အလွယ်တကူဆေးကုသမှုခံယူနိုင်ရေးအတွက်ရည်ရွယ်ပြီး Myanmar Refugee Relief Committee (MRRC), Chin Health Organization (CHO), Mizo Students Union (MSU) နှင့် BN Hospital တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့က MSU OPD ကို မြို့တော် အိုင်ဇောလ်မြို့ Kulikawn ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

Myanmar Refugee Relief Committee (MRRC) ဥက္ကဌ Vantea က “အဓိကအားဖြင့်တော့ CHO နှင့် MRRC တို့ ပူးပေါင်းလက်တွဲလုပ်ဆောင်ခြင်းဖြစ်တယ်။ MSU နဲ့ BN Hospital တို့နဲ့ လက်တွဲပြီး လုပ်ဆောင်သွားမှာဖြစ်တယ်။ အဓိကရည်ရွယ်တာကတော့ စစ်ဘေးရှောင်တွေဖြစ်တယ်။ ပြီးတော့ CHO ဘက်က ဆရာဝန် ၄ ဦးနှင့် သူနာပြုတွေလည်း ရှိပြီးသားဖြစ်တယ်။ သူတို့တွေကတော့ ဒီဘက်ကို စစ်ဘေးရှောင်လာတဲ့ CDM ဝန်ထမ်းတွေဖြစ်တယ်။” ဟု ပြောသည်။

ဆက်လက်ပြီး Vantea က “ဒီမှာ အလုပ်လုပ်မဲ့ ဆရာဝန်နှင့်သူနာပြုတွေက အားလုံး Voluntary သက်သက်ဖြစ် တယ်။ ပြီးတော့ ရှေ့လုပ်ငန်းစဉ်အနေနဲ့ အခြားမြို့နယ်မှာရှိကြတဲ့ စစ်ဘေးရှောင်စခန်းတွေမှာသွားပြီး Free Clinic လုပ်ပေးဖို့ လည်း ရှိတယ်” ဟု ပြောသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...