စစ်တွေလေဆိပ်တွင် ယန်ဟီးလီကို ဒေသခံ ၄၀၀ ကျော်ဆန္ဒပြ

စစ်တွေလေဆိပ်တွင် ယန်ဟီးလီကို ဒေသခံ ၄၀၀ ကျော်ဆန္ဒပြ
by -
စိုးသူအောင်/ မဇ္စျိမ
ဓါတ်ပုံ - မင်းသိန်း/RiA
ဓါတ်ပုံ - မင်းသိန်း/RiA
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီကို ရခိုင်ပြည်နယ် စစ်တွေလေဆိပ်တွင် ဒေသခံ ၄၀၀ ကျော်က အလိုမရှိကြောင်းဆန္ဒပြခဲ့ကြသည်။ မနက် ရ နာရီခန့်မှစတင်ပြီး နေ့လည်ပိုင်းအထိ ဒေသခံ ၄၀၀ ကျော်လောက်က ကိုင်ဆောင်သည့် ဆိုင်းဘုတ်စာသားများကို ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

“ ကျွန်မတို့တင်ထားတာတော့ လူက ၂၀၀ ပါ ။ဒါပေမယ့် လူအင်အားက ၄၀၀ လောက်ရောက်ပါတယ်။ စစ်တွေလေဆိပ်အဝင်ဝ အလိုတော်ပြည် ဘုန်းတော်ကြီးကျောင်းရှေ့မှာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်သည့် စစ်တွေဒေသခံ ဒေါ်ကျော့မေက မဇ္စျိမသို့ပြောသည်။

ဇူလိုင်လ ၁၂ ရက် တွင်လာရောက်သည့် မစ္စယန်ဟီးလီ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း စစ်တွေဒေသခံများက ” မြန်မာနိုင်ငံသား ဥပဒေကိုလေးစားပါ “ ၊ “ Get Out ယန်ဟီးလီ “၊ “No ယန်ဟီးလီ “ စသည့် ဆိုင်းဘုတ်များအပါအဝင် ဆိုင်းဘုတ် ၅ မျိုးကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းလည်းဖြစ်သည်။

မစ္စယန်ဟီးလီ လာရောက်သည့် ယနေ့ ဇူလိုင် ၁၂ ရက်နေ့အပြင် ရခိုင်ပြည်နယ်မှ ပြန်လည်ထွက်ခွာသည့်နေ့တွင်ပါ ဆန္ဒပြ ရန် စစ်တွေဒေသခံများက စီစဉ်ထားသော်လည်း ရခိုင်ပြည်နယ်အစိုးရက ယနေ့ တစ်ရက်သာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ကျော့မေကပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ယနေ့ နံနက် ၁၀ နာရီလေယာဉ်ဖြင့် ရောက်ရှိခဲ့သည့့် မစ္စယန်ဟီလီသည် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ အစိုးရအဖွဲ့ဝင်များနှင့်ယနေ့ တွေ့ဆုံခဲ့သည်။

မစ္စယန်ဟီလီ၏ယခုခရီးစဉ်တွင် အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ဘူးသီးတောင်မြို့နှင့် မောင်တော ဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...