ရပ်စောက်မြို့နယ်ရောက် ကျောက်မဲ စစ်ရှောင် (၅၀၀)ကျော် ထပ်မံထွက်ပြေးနေရ

ရပ်စောက်မြို့နယ်ရောက် ကျောက်မဲ စစ်ရှောင် (၅၀၀)ကျော် ထပ်မံထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျိုင်းခမ်းတိုက်နယ်တွင် ရောက်ရှိနေသည့် သျှမ်းမြောက် ကျောက်မဲမြို့နယ်က စစ်ရှောင် (၅၀၀)ကျော် ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၉)ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားသောကြောင့် ကျိုင်းခမ်းကျေးရွာအုပ်စုသို့ ရောက်ရှိနေသည့် ကျောက်မဲ စစ်ရှောင် (၅၆၀)ခန့်သည် ဟိုပုံးမြို့နယ် ဖာလိုင်းကျေးရွာရှိ ကျီတောဘုန်းကြီးကျောင်းသို့ ထပ်မံ ထွက်ပြေးရကြောင်း စုံစမ်းသိရသည်။

“ကျိုင်းခမ်းမှာ နေထိုင်ဖို့အတွက် တဲတွေလုပ်ပြီးတော့ စိုက်ပျိုးရေးအတွက် စလုပ်ဖို့ပဲရှိသေးတယ်။ ကျနော်တို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ နေရာအထိ တိုက်ပွဲက ကျယ်ပြန့်လာတော့ ထပ်မံထွက်ပြေးလာရတယ်” ဟု ကျိုင်းခမ်းစစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ထိုစစ်ရှောင်များသည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းရှိ ဧက (၅၀၀)ခန့်ရှိသည့် မြေကွက်ပေါ်တွင် ယာယီတဲထိုးပြီး စုပေါင်းနေထိုင်တာဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်မှ ပြောင်းရွှေ့လာသည့် စစ်ရှောင်များသည် ဟူးဆွန်နှင့် ပုံးလုံကျေးရွာအုပ်စုမှ ဒေသခံအများစုဖြစ်ပြီး လက်ရှိ ထိုစစ်ရှောင်များအတွက် စားနပ်ရိက္ခာများ၊ အနွေးထည်များ၊ စောင်များ လိုအပ်နေကြောင်း သိရသည်။

“အဓိက ဆန်တွေ၊ ဟင်းတွေ၊ အိုးတွေ၊ စောင်တွေ ၊ အဝတ်အစားတွေ လိုအပ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်‌ ဖေဖော်ဝါရီ (၄)ရက်နေ့ကစပြီး သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်ဂူတိုက်နယ်ထဲရှိ ဒေသခံ (၁၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း၊ ဘုန်းကြီးကျောင်းများ လက်နက်ကြီးကျည်ထိမှန်ခြင်း၊ ပွဲရုံများလည်း လက်နက်ကြီးကျည်များ ထိမှန်ခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...