ကလေးမြို့တွင် အိုမီခရွန်(Omicron) သံသယဖြစ်သူ ၄၀ ခန့် သီးသန့် ကွာရန်တင်း ထားရှိ

ကလေးမြို့တွင် အိုမီခရွန်(Omicron) သံသယဖြစ်သူ ၄၀ ခန့် သီးသန့် ကွာရန်တင်း ထားရှိ

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးဆက်ခံရပြီး အိုမီခရွန်(Omicron)ကူးစက်မှုဟု သံသယဖြစ်ရသူ  ၄၀ဦး  ဝန်းကျင်ကို ကုတင်၁၀၀နှင့် တိုင်းရင်း ဆေးရုံများတွင် ကွာရန်တင်း ထားရှိကြောင်းသိရသည်။

ကလေးမြို့မှ ကိုဗစ်-၁၉ Volunteer တစ်ဦးက "လက်ရှိကလေးမြို့မှာလဲ ကိုဗစ်-၁၉ ကူးဆက်မှုနှုန်း များတယ် ရပ်ကွက်တော်တော်များမှာ ချောင်းဆိုးနှာစီးနဲ့ ဖျားနာကြတယ် ကိုဗစ်ဖြစ်လို့ အခြေနေဆိုးတဲ့သူတွေကို ကုတင် ၁၀၀ ဆေးရုံကြီးနဲ့ တိုင်းရင်းဆေးရုံတို့မှာထားတယ် အခုလောလောဆယ် လူနာ ၄၀ ဦး ဝန်းကျင်လောက် ထားထားတယ် လို့သိရတယ်"ဟုပြောသည်။

လက်ရှိကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဖျားနာသူ အမြောက်များ ရှိနေသော်လည်း လူနာများတွက်  ကွာရန်တင်း စင်တာများ သီးသန့်ထားရှိရန် အစီစဉ်မရှိသေးကြောင်း ကလေးမြို့မှ Volunteer လုပ်ကိုင်နေသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့်လ ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး ကလေးမြို့တွင်  ခရီးသွားပြည်သူများထံမှ ကိုဗစ်-၁၉ ကူးစက်ခံရခြင်းကို ပထမဆုံး တွေ့ရှိခဲ့ရသည်။

ယခုကဲ့သို့ ကလေးမြို့တွင် ကိုဗစ်ကူးစက်ခံမှုများ ရှိလာပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး ကလေးမြို့မှ ရန်ကုန်ဖက် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းများကိုလည်း ပိတ်လိုက်ရကြောင်း သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...