ကလေးမြို့တွင် အိုမီခရွန်(Omicron) သံသယဖြစ်သူ ၄၀ ခန့် သီးသန့် ကွာရန်တင်း ထားရှိ

ကလေးမြို့တွင် အိုမီခရွန်(Omicron) သံသယဖြစ်သူ ၄၀ ခန့် သီးသန့် ကွာရန်တင်း ထားရှိ

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးဆက်ခံရပြီး အိုမီခရွန်(Omicron)ကူးစက်မှုဟု သံသယဖြစ်ရသူ  ၄၀ဦး  ဝန်းကျင်ကို ကုတင်၁၀၀နှင့် တိုင်းရင်း ဆေးရုံများတွင် ကွာရန်တင်း ထားရှိကြောင်းသိရသည်။

ကလေးမြို့မှ ကိုဗစ်-၁၉ Volunteer တစ်ဦးက "လက်ရှိကလေးမြို့မှာလဲ ကိုဗစ်-၁၉ ကူးဆက်မှုနှုန်း များတယ် ရပ်ကွက်တော်တော်များမှာ ချောင်းဆိုးနှာစီးနဲ့ ဖျားနာကြတယ် ကိုဗစ်ဖြစ်လို့ အခြေနေဆိုးတဲ့သူတွေကို ကုတင် ၁၀၀ ဆေးရုံကြီးနဲ့ တိုင်းရင်းဆေးရုံတို့မှာထားတယ် အခုလောလောဆယ် လူနာ ၄၀ ဦး ဝန်းကျင်လောက် ထားထားတယ် လို့သိရတယ်"ဟုပြောသည်။

လက်ရှိကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဖျားနာသူ အမြောက်များ ရှိနေသော်လည်း လူနာများတွက်  ကွာရန်တင်း စင်တာများ သီးသန့်ထားရှိရန် အစီစဉ်မရှိသေးကြောင်း ကလေးမြို့မှ Volunteer လုပ်ကိုင်နေသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့်လ ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး ကလေးမြို့တွင်  ခရီးသွားပြည်သူများထံမှ ကိုဗစ်-၁၉ ကူးစက်ခံရခြင်းကို ပထမဆုံး တွေ့ရှိခဲ့ရသည်။

ယခုကဲ့သို့ ကလေးမြို့တွင် ကိုဗစ်ကူးစက်ခံမှုများ ရှိလာပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး ကလေးမြို့မှ ရန်ကုန်ဖက် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းများကိုလည်း ပိတ်လိုက်ရကြောင်း သိရသည်။

Most read this week

December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...