မတူပီမြို့နယ်အတွင်း ဆန်ပြတ်လျက်ရှိနေပြီး ဒေသခံများ အနေဖြင့် ကျေးရွာမှ ဆန်များ ၂ဆခန့် ဈေးပိုပေး ၀ယ်ယူနေ

မတူပီမြို့နယ်အတွင်း ဆန်ပြတ်လျက်ရှိနေပြီး ဒေသခံများ အနေဖြင့် ကျေးရွာမှ ဆန်များ ၂ဆခန့် ဈေးပိုပေး ၀ယ်ယူနေ

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် တိုက်ပွဲ များပြင်းထန်နေပြီး အင်တာနက်လိုင်းများနှင့် ကုန်သွယ်ရေးလိုင်းများ ပိတ်လျက်ရှိ‌သောကြောင့် ယခုရက်ပိုင်းအတွင်း

ဆန်ပြတ်လျက်ရှိရး ဆန်များကို ၂ ဆဈေးပိုပေးပြီး ၀ယ်‌ယူနေရကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။

"ဆန်တွေ ပြတ်နေတယ်၊ကားတွေကလည်း အိမ်းစီးကားတွေပဲ ၀င်လာတယ်၊ကားကြီးတွေက လုံး၀မရှိဘူး၊၀ယ်ဖို့ဆိုရင် ရွာဘက်က ဆန်တွေ၀ယ်နေရတယ်၊ အရင်င်က တပုံးကို ၁သောင်းကျော်ပေးရတယ်၊အခုက ၂သောင်းခွဲ နဲ့ ၀ယ်နေရတယ်၊ဆန်က ဒီတိုင်းဆိုရင် ၀ယ်ဖို့သိပ်မလွယ်ဘူး၊ဆန်အကုန်ပြတ်သွားမှာ စိုးရိမ်ရတယ်" ဟု မတူပီဒေသခံ တစ်ဦးမှ ပြောသည်။

အချို့မိသားစုများအနေဖြင့် ရိက္ခာစုဆောင်း ထားမှုများရှိသော်လည်း ကုန်သွယ်ရေးလမ်းများ အဆင်မပြေသေးပါက ရက်ပိုင်းအတွင်း ဆန်များ ပြတ်လတ်နိုင်ကြောင်း လည်း သိရသည်။

" ဆန်က ရှိတော့ရှိသေးတယ်၊ဒါပေမယ့် ဒီဟာကုန်ရင် စားဖို့မရှိတော့ဘူး၊၀ယ်မယ့်နေရာလည်း မရှိတော့ဘူး၊လမ်းတွေက အခုထိ အ၀င်အထွက်မရှိနိုင်သေးဘူးဗျ၊ ဆန်အတွက်ပဲ တော်တော်လည်း စိုးရိမ်မိတယ်ဗျ၊"ဟု မတူပီ ဒေသခံ တစ်ဦးမှ Chin World Media သို့ပြောသည်။

ဇန်နဝါရီ ၅ရက်နေ့မှ စပြီး မတူပီမြို့နယ်ရှိ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများအား စစ်ကောင်စီဘက်မှ ပိတ်ပြင်ထားခဲ့ပြီး ဖေဖော်ဝါရီ (၉)ရက် မနက်ပိုင်းတွင် ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ဒေသခံတစ်ဦးမှလည်း "ဖုန်းလိုင်းပြတ်တော့ ကြားထဲမှာ မြို့ထဲမှာကို လက်နက်သံတွေတော့ တော်တော်လည်း ကြားရတယ်၊ပြီး‌တော့ ကျမက မိသားစုများတော့ ဆန်တော့ ၀ယ်ထားတာတော့ရှိတယ်၊ဒါပေမယ့် မိသားစုများတော့ လောက်မှာတော့ မဟုတ်ဘူး၊ဒီလိုသာလမ်းကောင်းကောင်း မပွင့်နိုင်ရင်တော့ စိုးရိမ်မိပါတယ်၊ဆန်ဈေးတွေလည်း ပိုပိုပြီး တက်လာမှာလည်းစိုးတယ်"ဟု ပြောသည်။

၂၀၂၂ခုနှစ်၊ဇန်နဝါရီလ အစပိုင်းမှ စပြီး စစ်ကောင်စီတပ်နှင့် CDF မတူပီ တပ်ကြား ယနေ့ချိန်ထိ

 တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ၂ဖက်အကျအဆုံးများလည်းရှိသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...