ရေးတွင် ပရဟိတလုပ်နေသူ စစ်တပ်အငြိမ်းစား ကိုအောင်နိုင်ဝင်း သေနတ်အပစ်ခံရပြီး သေဆုံး

ရေးတွင် ပရဟိတလုပ်နေသူ စစ်တပ်အငြိမ်းစား ကိုအောင်နိုင်ဝင်း သေနတ်အပစ်ခံရပြီး သေဆုံး

မွန်ပြည်နယ် ရေးမြို့နယ်မှ ပရဟိတလုပ်ကိုင်ဆောင်ရွက်နေသူ စစ်တပ်အငြိမ်းစားတစ်ဦးဖြစ်သည့် ကိုအောင်နိုင်ဝင်း ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့ သာသနာပြု ကိုရင်လေးဆရာတော်၏ အခမဲ့ဆေးခန်းတွင် ပရဟိတလုပ်နေသည့် ကိုအောင်နိုင်ဝင်းသည် နံနက်ပိုင်းက လက်ဖက်ရည်သောက်နေစဉ် သေနတ်အပစ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ကိုရင်လေးကျောင်းမှာ ဘိုးဘွားရိပ်သာ ဆောက်နေတာကို ကြီးကြပ်ပေးနေတာပါသူက။ မနက်က ၈ နာရီ လောက်က လက်ဖက်ရည်သောက်နေရင်း လာပစ်ပြီး သေသွားတာလို့ ကြားပါတယ်။ ဒီနေ့နေ့လည်း ကိုရင်လေးက ဦးစီးပြီး သဂြိုလ်သွားမယ်လို့ လည်းကြားပါတယ်" ဟု ပြောသည်။

ကိုအောင်နိုင်ဝင်းသည် စစ်တပ်အငြိမ်းစား ဗိုလ်မှူးတစ်ဦးဖြစ်သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် အမတ်လောင်းနေရာ ဝင်ရောက်အရွေးချယ်ခံခဲ့သူ ဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ၂၀၁၃ ခုနှစ်၌ စတင်ဖွဲ့စည်းလုပ်ဆောင်ခဲ့သော ရေးမြို့နယ် ဓမ္မစကူးဖောင်ဒေးရှင်းတွင် (၂) နှစ်ကျော်ကြာ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ကိုအောင်နိုင်ဝင်းသည် ရေးတော်ဝင်သတင်းလွှာ၏ အယ်ဒီတာချုပ်လည် းဖြစ်သည်။

၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင်လည်း ရေးမြို့အောင်သုခရပ်ကွက်ရှိ ကိုအောင်နိုင်ဝင်း၏ နေအိမ်ကို လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အချိန်အတော်ကြာ ကုသမှု ခံယူခဲ့ရသည်။

Caption:  သေဆုံးသူ ကိုအောင်နိုင်ဝင်း (Photo: Internet)

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...