Covid 19 ရောဂါ ကာကွယ်ဆေး၂ ကြိမ်ထိုးခကျပ် ၃ သောင်းဖြင့် စျေးနှုန်းသက်သာစွာ CCRT မှ ထိုးပေးမည်

Covid 19 ရောဂါ ကာကွယ်ဆေး၂ ကြိမ်ထိုးခကျပ် ၃ သောင်းဖြင့် စျေးနှုန်းသက်သာစွာ CCRT မှ ထိုးပေးမည်

Omicronပျံ့နှံ့ကူးစက်မှုများပြားလာသောကြောင့် ရန်ကုန်မြို့တွင် ကိုဗစ် ကာကွယ်ဆေးကို စျေးနှုန်းအသက်သာဆုံး ၂ ကြိမ်ထိုးခကျပ် ၃ သောင်း နှင့် အမြန်ဆုံး ထိုးနှံပေးနိုင်ရန် Chin Covid Rescue Team (CCRT) အဖွဲ့မှ သဘောတူထားကြောင်းသိရသည်။

လက်ရှိတွင် Omicron Covid 19 ကူးစက်ရောဂါသည်ပြန့်နှံ့နှုန်း မြင့်တတ်လာသောကြာင့် ကာကွယ်ဆေးကို အမြန်ဆန်ဆုံးနှင့် စျေးနှုန်းချိုသာစွာဖြင့် ထိုးနှံနိုင်ရန် ပထမတစ်ကြိမ်ထိုးနှံလျှင် မြန်မာငွေဖြင့် ကျပ် ၁၅,၀၀၀ ဖြစ်ပြီး နှစ်ကြိမ်ပေါင်းလျှင် ကျပ် ၃၀,၀၀၀ သာ ထိုးနှံခ ကုန်ကျရန် CCRTအဖွဲ့မှ သဘောတူဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း CCRT ဥက္ကဌ ဆရာ TT @ Thawng Tha Thang ၏ လူမှုကွန်ယက်တွင်ဖော်ပြထားသည်။

ရန်ကုန်မြို့ အနီးတစ်ဝှက်တွင် အခက်အခဲ အမျိုးမျိုးကြောင့် ပြောင်းရွှေ့လာကြသော ချင်းလူမျိုးများကို အခမဲ့ကာကွယ်ဆေးထိုးပေးရန် သဘောတူထားကြကာ ယခုတွင်လည်း ချင်းလူမျိုးမှ အယောက် ၃၀၀ ကို အခမဲ့ထိုးပေးခဲ့ပြီးကြောင်းလည်း သိရသည်။

Covid 19 Omicron ကူးစက်ခံရမှုများပြားလာသဖြင့် ကုသမှု အမြန်ဆောင်ရွက်နိုင်ရန်အတွက် Fever Click, Mobile Clink နှင့် Call Center များ ဖွင့်လှစ်ကာ ရောဂါကုသပေးရန် သဘောတူ ဆုံးဖြတ်ပြီး ကိုဗစ် ၁၉ ရောဂါကူးစက်လှိုင်း ပြင်းထန်လာသောကြောင့် တောင်ဇလပ်စင်တာကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ပြင်ဆင်ရန် သဘောတူထားကြောင်းလည်း သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...