ရေးမြို့နယ်တွင် သံဘောင်ဘေလီတံတား မိုင်းခွဲဖျက်ဆီးခံရ

ရေးမြို့နယ်တွင် သံဘောင်ဘေလီတံတား မိုင်းခွဲဖျက်ဆီးခံရ
မိုင်းခွဲ ဖျက်ဆီးခံရေသာ တံတား (Photo: Internet)
မိုင်းခွဲ ဖျက်ဆီးခံရေသာ တံတား (Photo: Internet)

မွန်ပြည်နယ် ရေးမြို့နယ် သင်္ဃန်းကျွန်းကျေးရွာအုပ်စု တော်ကမာ ကျေးရွာအနီးရှိ သံဘောင်ဘေလီတံတား မနေ့က (ဖေဖော်ဝါရီ ၈ ရက်နေ့) နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သံဘောင်ဘေလီတံတားကို ဒေသကာကွယ်ရေးတပ် (PDF) မှ မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့နယ် ရဲအသိုင်းအဝိုင်းမှ ပြောသည်။

"မနက်က ကျနော်တို့ဆီ အကြောင်းကြားလာတာနဲ့ သွားကြည့်ရပါတယ်။ လုပ်တာကတော့ PDF တွေပါ။ သူတို့လဲ ထုတ်ပြန်ထားပါတယ်။ တွေ့တာကတော့ ဒီလမ်းက စစ်တပ်လက်နက်တွေ သယ်တာဆိုပြီး လုပ်တယ် ကြားတာပဲ" ဟု ၎င်းက ပြောသည်။

အဆိုပါတံတားသည် ရေး - မော်လမြိုင်သွား ရထားလမ်းပေါ်ရှိ သင်္ဃန်းကျွန်း ချောင်းရိုးအား ဖြတ်သန်း ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး ပေ ၆၀၀ ကျော် ရှည်လျားသည်။

မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ သံဘောင် (၂)ချောင်း ပြတ်ထွက်၊ (၁)ချောင်းကွေးကာ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...