ဇန်နဝါရီလတိုက်ပွဲအတွင်း CJDC အဖွဲ့မှ ၁၈ ဦး ကျဆုံးပြီး စစ်ကောင်စီတပ်မှ ၁၉၇ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်

ဇန်နဝါရီလတိုက်ပွဲအတွင်း CJDC အဖွဲ့မှ ၁၈ ဦး ကျဆုံးပြီး စစ်ကောင်စီတပ်မှ ၁၉၇ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ အတွင်း Chinland Joint Defense Committee (CJDC) အဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် CJDC အဖွဲ့ဘက်မှ ကျဆုံးသူ ၁၈ ဦးနှင့်၊ပြည်သူများမှ ၁၃ ဦးနှင့် စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၉၇ ဦး ရှိကြောင်း (CJDC )မှယနေ့ ဖေဖော်ဝါရီလ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်အား အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိပါကြောင်း၊သို့သော်လည်း ၎င်းတို့၏ထိုးစစ်ဆင်မှုအား ချင်းပြည်နယ် CNA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များ၊ ပူးပေါင်းတပ်ဖွဲ့များဖြင့် ပြန်လည်ခုခံတိုက်ခိုက် ခဲ့ကြကြောင်း၊ဇန်နဝါရီလ အတွင်းတိုက်ပွဲများကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉၇ ဦးရှိကာ ဒေသကာကွယ်ရေးအဖွဲ့များဖက်မှ ၁၈ ဦးကျဆုံးကြောင်း (CJDC)မှ ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ၊ ၂၀၂၂ခုနှစ် တစ်လအတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုများအား ပြည်လည်ခုခံ တိုက်ခိုက်ခဲ့သည့် ချင်းပြည်နယ်ရှိ တိုက်ပွဲအခြေနေအား ချင်း ေဒသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် (CJDC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...