ကလေးတောင်ပိုင်းနှင့် ဂန့်ဂေါ်မြို့နယ်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီလက်ပါးစေ ပျုစောထီး ၃ ဦးသေ

ကလေးတောင်ပိုင်းနှင့် ဂန့်ဂေါ်မြို့နယ်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီလက်ပါးစေ ပျုစောထီး ၃ ဦးသေ

ကလေးနယ်တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ မြောက်ခင်ရမ်း၊ ကုက္ကား၊ ဟံသာဝတီနှင့် ကြံသာရွာတို့မှ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့နှင့် စကစတပ်သားစုစုပေါင်းအင်အား (၁၀၀) ကျော်သည် ယနေ့ နံနက် (၉) နာရီအချိန်ခန့်တွင်  ကြံသာရွာမှတဆင့် စစ်ကြောင်းများခွဲ၍ မှန်တောရွာအနောက်ဖက်သို့ ခြေလျင်လျှောက်လာကြရာ CDF - KKG တပ်ရင်း (၄) တပ်ဖွဲ့ဝင်များထောင်ထားသည့် တိုက်မိုင်းများကို နှစ်ကြိမ်တိုင်တိုင် တိုက်မိပြီးနောက် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလက်ပါးစေပျူစောထီး (၃) ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူအမြောက်အများရှိကြောင်း သိရသည်။ CDF - KKG တပ်ရင်း (၄) မှတပ်ဖွဲ့ဝင်ရဲဘော် (၁) ဦး လက်နက်ကြီးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အက်အဆုံးမရွိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF-KKG ကထုတ်ပြန်သည်။

ထို့ပြင် ယနေ့မနက် (၁၁) နာရီခန့်တွင် ကလေးမြို့မှထွက်လာသည့် စစ္ကား (၅) စီးကို ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် CDF - KKG တပ်ရင်း (၃) မှလက်နက်ကြီးဖြင့် (၃) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၃) ယောက်ခန့် ဒဏ်ရာရနိုင်ကြောင်း CDF - KKG ကထုတ်ပြန်သည်။

လက်ရှိတွင် ၎စစ္ကား (၅) စီးမွာ မှန်တောရွာတွင် တပ်စွဲထားပြီး ပျူစောထီးအဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ကျေးရွာတွင်းရှိ တိရိစၧာန်များကိုသတ်ဖြတ်စားသောက်လျက်ရှိကြကြောင်း မြေပြင်သတင်းများအရ သိရသည်။

တိုက်ပွဲများအချိန်မရွေး ထပ်မံဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ယခုည ဖေဖော်ဝါရီ (၂) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး၊ ဖေဖော်ဝါရီ (၁၂) ရက် (ပြည်ထောင်စုနေ့) အထိတိုင်အောင်  ကေလး - ဂန့်ဂေါပြည်ထောင်စုလမ်းမကို အသုံးမပြုကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးအပ်ပါသည်ဟု Chinland Defense Force - Kalay Kabaw Gangaw ကထုတ်ပြန်ထားသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...