စစ်တစ်ခါမှ မတိုက်ရဲတဲ့ MARA CDF များက Mizoram ကိုထွက်ပြေးနေကြတဲ့ စစ်ဘေးရှောင်လူငယ်များကို CDF လက်နက်ကိုင် အဖြစ် အတင်းအတမ ခြိမ်းခြောက်ဖမ်းဆီးကြဆိုတဲ့သတင်းအမှား

စစ်တစ်ခါမှ မတိုက်ရဲတဲ့ MARA CDF များက Mizoram ကိုထွက်ပြေးနေကြတဲ့ စစ်ဘေးရှောင်လူငယ်များကို CDF လက်နက်ကိုင် အဖြစ် အတင်းအတမ ခြိမ်းခြောက်ဖမ်းဆီးကြဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Kanpetlet Time News Group မှာ ချင်းပြည်နယ် သတင်းမှန်က  “စစ်တစ်ခါမှ မတိုက်ရဲတဲ့ MARA CDF များက Mizoram ကိုထွက်ပြေးနေကြတဲ့ စစ်ဘေးရှောင်လူငယ်များကို CDF လက်နက်ကိုင် အဖြစ် အတင်းအတမ ခြိမ်းခြောက်ဖမ်းဆီးကြ။ ချင်းပြည်နယ် India နယ်စပ်ရှိ ဒေါက်တာ ဆာဆာဖွဲ့စည်းထားတဲ့ Mara CDF အဖွဲ့မှ Mizoram ကိုထွက်ပြေးနေကြတဲ့ လူငယ်များကို NLD/CRPH တပ်မတော် CDF တပ်သားအဖြစ် အတင်းအတမ ခြိမ်းခြောက်ဖမ်းဆီး တပ်သားစုဆောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကျူလွန်ခြင်းကို နိုင်ငံတကာမှ အရေးယူခြင်းမရှိပါက ဗမာ့တပ်မတော်ကလဲ နိုင်ငံတကာနည်းတူ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေအရ လူငယ်မှန်သမျှကို တပ်သားသစ်အဖြစ် စုဆောင်းသွားမယ်လို့ပြောကြား။” ဆိုပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး CNDF ရဲ့တာဝန်ရှိ သူက အခုလိုပြောပါတယ်။

“ဒီသတင်းကတော့ အမှန်မဟုတ်ပါဘူး၊ ကျနော်တို့ CNDF အနေနဲ့လည်း “စစ်တစ်ခါမှ မတိုက်ရဲတဲ့ MARA CDF များက Mizoram ကိုထွက်ပြေးနေကြတဲ့ စစ်ဘေးရှောင်လူငယ်များကို CDF လက်နက်ကိုင် အဖြစ် အတင်းအတမ ခြိမ်းခြောက်ဖမ်းဆီးတယ်ဆိုတဲ့” သတင်းကိုမကြားဘူး၊ ဒီမနက်ကလည်း MARA CDF က သူတို့နာမည်သုံးပြီး ငွေတောင်းခံနေတာကို ရပ်တန့်ဖို့ ထုတ်ပြန်ချက်ထုတ်ထားတယ်၊ ခုဒီကိစ္စလည်းမဖြစ်နိုင်ဘူးလို့ပြောချင်ပါတယ်”

နိုင်ငံမတည်ငြိမ်မှုများကြားက သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်နေပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနမှာ ဖော်ပြတဲ့သတင်းတွေကိုသာယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...