“အပြစ်ကင်းစင်တဲ့ကလေးတွေကို ဒီလိုမျိုးနောက်ထပ် မသေဆုံးဖို့ပဲလိုအပ်ပါတယ်”

“အပြစ်ကင်းစင်တဲ့ကလေးတွေကို ဒီလိုမျိုးနောက်ထပ် မသေဆုံးဖို့ပဲလိုအပ်ပါတယ်”

စစ်ကိုင်းတိုင်းကလေးမြို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က အလုပ်ကနေပြန်လာတဲ့ အသက် (၁၉) နှစ်အရွယ် ချင်းလူငယ်တစ်ဦး Thang Muan Khual သည် ပျောက်ဆုံးသွားခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ သူ့ရုပ်အလောင်းကို လာယူဖို့ ကလေးမြို့ စစ်ဆေးရုံကနေ သူ့မိသားစုဝင်တွေထံ အကြောင်းကြားလာတယ်လို့ သိရပါတယ်။

မိသားစုဝင်တွေက Thang Muan Khual ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ သွားသယ်ကြပြီးနောက် အဲဒီနေ့မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ကလေးမြို့ ဒိုးဝိုင်းချောင်းသချိုင်္င်းမှာ သဂြိုလ်ခဲ့ကြတယ်လို့ သိရပါတယ်။

Thang Muan Khual ဟာ ပန်းရံလုပ်ငန်းကို လုပ်ကိုင်ပြီး ဆေးချိုသွေးချိုရောဂါ ခံစားနေရတဲ့ မိခင်၊ ညီနဲ့ ညီမတို့ကို အလုပ်အကျွေးပြုနေသူတစ်ဦးဖြစ်ပါတယ်။ ယခုလို Thang Muan Khual သေဆုံးမှုနဲ့ပတ်သက်ပြီး မိသားစုဝင်တစ်ဦးကို Khonumthung သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     ။ ကိုထန်းမွန်ခွါလ်က ဘယ်နေ့က ဘယ်လိုပျောက်ဆုံးသွားတာလဲ။

ဖြေ။     ။ သူပျောက်ဆုံးတာတော့ ၂၇ ရက်နေ့က အလုပ်ကနေအပြန် သူ့အဘွားအိမ်ကိုဝင်ပြီးတော့ ထမင်းစားခဲ့တာ သူ့အဘွားတို့က ၆ နာရီထိုးနေပြီ ပြန်တော့ဆိုပြီး ပြန်တဲ့အချိန်မှာ အိမ်မရောက်လာတော့ဘူး အိမ်မရောက်တော့ နောက်ရက်ပေါ့ ၂၈ ရက်နေ့မှာ ရဲစခန်းကိုသွားမေးတယ်၊ ရဲစခန်းက ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) မေးလိုက်တယ်ပေါ့နော် အဲဒီမှာတော့ ဘာမှအဖြေမသိရဘူး

မေး။     ။ စစ်ကောင်စီဘက်ကနေ ဘယ်နေ့က ဘယ်လိုမျိူးအကြောင်းကြားလာတာလဲ။

ဖြေ။     ။ သူ့ညီမတွေဆီကိုအကြောင်းကြားတယ် ၂၉ ရက်နေ့မနက်မှာ သူတို့ကသွားပြီးတော့ သူ့အလောင်းဟုတ်မဟုတ် သေချာလေး ကြည့်တော့ ကျနော်တို့က နာရေးကားနဲ့အလောင်းသွားသယ်တာပေါ့နော

မေး။     ။ သူ့ရဲ့အလောင်းမှာကော် နှိပ်စက်ခံထားရတဲ့ဒါဏ်ရာတွေရှိလား။ ဘယ်လိုသေဆုံးသွားတာလဲ။

ဖြေ။     ။ ဒဏ်ရာကတော့ နှိပ်စက်ခြင်းဘာညာတော့မရှိဘူး ကျည်ဆံမှန်တဲ့ဟာကြောင့်ပါ။ ကျည်က နောက်ကနေမှန်ပြီး ဗိုက်ကနေ ထွက်တဲ့ပုံစံ၊ တပ်ကနေပြောတာကတော့ ရပ်လို့တားတာကို မရပ်လို့ ပစ်လိုက်တာလို့ပြောတယ်။ ဒါတွေက သူတို့လက်ထဲမှာပဲရှိတာကိုး။

မေး။     ။ ခုလိုမျိုးဖြစ်တဲ့အပေါ် ဘာများပြောချင်လဲ။

ဖြေ။     ။ ခံစားတာတော့ခံစားတာပေါ့နော ကျနော်တို့မြန်မာနိုင်ငံမှာ ဒီလိုအပြစ်မဲ့ကလေးတွေကတော့ ဥပမာ တောထဲကနေ နေတဲ့သူတွေဆိုရင်တော့ သေနတ်ချင်းသေနတ်ချင်းပစ်တာ ပြသနာမရှိပါဘူး၊ ဒါပေမယ့် တုတ်တစ်ချောင်းတောင် မကိုင်တဲ့ ကလေးတွေကို ဒီလိုမျိူးလုပ်တာတော့ သိပ်အဆင်မပြေပါဘူးနော၊ ဒီလိုမျိူးပုံမှန်ဖြစ်နေတယ်ဆိုရင် ကျနော်တို့ကလေး တွေရဲ့ အသက်ပေါင်းများစွာလည်းရှိကောင်းရှိလာနိုင်တယ် ဥပဒေက မရှိတော့သလိုဖြစ်နေတယ် တာဝန်ယူမှု တာဝန်ခံမှုတွေမရှိတော့တာပေါ့နော် အဲလိုမျိုးဖြစ်နေတာ။

မေး။     ။ တခြားဘာများပြောချင်တာရှိပါသေးလဲ။

ဖြေ။     ။ အပြစ်ကင်းစင်တဲ့ကလေးတွေကို ဒီလိုမျိုး နောက်ထပ်မသေဆုံးဖို့ပဲ လိုအပ်ပါတယ်။

June 17, 2026
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး...
June 16, 2026
ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ့သည့် ချင်းတောင်ပိုင်း၊...
June 16, 2026
“လက်ရှိ အာဏာရှင်စနစ်ကို မောင်းနှင်နေတာက မဟာဖိုဝါဒ၊ လူမျိုးကြီးဝါဒနဲ့ အမျိုးသားကြီးစိုးရေးဝါဒတွေ...
June 15, 2026
တပ်ဖွဲ့ဝင်ဟောင်းများအပါအဝင် ဇိုလူငယ်များအနေဖြင့် CDF-Tonzang တပ်ဖွဲ့သို့...