ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ် လက်နက်ကြီးကျည်ကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ် လက်နက်ကြီးကျည်ကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ဇန်နဝါရီလ ၃၁ ယနေ့မနက် ၆ နာရီခွဲအချိန်ကစ၍ စစ်ကောင်စီတပ်နှင့်် CDF- Kan petlet တို့တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အတွင်းမှ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး လည်း ထိခိုက်ဒဏ်ရာရရှိ သည်ဟု ကန်ပက်လက်မြို့ခံ တစ်ဦးက ပြောသည်။

“ သူ့ သူငယ်ချင်းအိ်မ်မှာဖြစ်တာ ဒီမနက် လက်နက်ကြီးကျပြီးတော့မှ၊ သွားအိပ်တဲ့အိမ်က ၂ ထပ်အိမ် အပေါ်ထပ်မှာ အိပ်ကြတာ ဖြစ်ချင်တော့ သူအိပ်နေတုန်းမှာပဲ ဖြစ်တာဆိုတော့ သူမသိ လိုက်ဘူးထင်တယ်။ ဒီနေ့ ၃ နာရီ သဂြိုလ်ဖို့တော့ လုပ်ထားတယ်။ ပြီးတော့ အိမ်ရှင်အစ်မတယောက်နဲ့ တခြားရပ်ကွက်က ကလေးအမေလည်း ထိတယ်။ နည်းနည်းတော့ ဒဏ်ရာတော့များတယ် အသက်အန္တာရာယ်ထိတော့ မဖြစ်ဘူး သူတို့က လက်နဲ့ပေါင်နဲ့ထိတယ်” ဟု ကန်ပက်လက် မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူ အမျိုးသားမှာ ကန်ပက်လက်မြို့၊ အမှတ် ၂ ရပ်ကွက်တွင်နေထို်င်သူ အသက် ၃၀ နှစ် အရွယ် ကိုမင်းရန်အောင်ဖြစ်ကြောင်းသိရသည်။

CDF-Kanpetlet တပ်ဖွဲ့သည် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲ ထားသော ရန်အောင်စေတီ၊ မြို့နယ်ပညာရေးမှုးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတို့ကို သွားရောက်ပစ်ခတ်ခဲ့ရာ တစ်နာရီခွဲကျော်ကြာအပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု CDF-Kanpetlet ကထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး CDF- Kanpetlet က အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...