အာဏာသိမ်း ၁ နှစ်ပြည့်နေ့တွင် အသံတိတ်သပိတ်ပြုလုပ်ပါက ပိုင်ဆိုင်မှုချိတ်ပိတ်ခံရမည်ဟု ဟားခါးမြို့စစ်ကောင်စီ သတိပေးနှိုးဆော်ထား

အာဏာသိမ်း ၁ နှစ်ပြည့်နေ့တွင် အသံတိတ်သပိတ်ပြုလုပ်ပါက ပိုင်ဆိုင်မှုချိတ်ပိတ်ခံရမည်ဟု ဟားခါးမြို့စစ်ကောင်စီ သတိပေးနှိုးဆော်ထား

ဟားခါးမြို့တွင် စစ်ကောင်စီမှ အာဏာသိမ်း ၁ နှစ်ပြည့်မည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ပြည်သူများအနေဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ပါက ပိုင်ဆိုင်မှု ချိတ်ပိတ်ခံရမည်ဟု ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လော်စပီကာဖြင့် သတိပေးနှိုးဆော်ကြောင်း ဟားခါးမြို့ ‌ဒေသခံများထံမှ သိရသည်။

"အခုတလော အာဏာသိမ်းတစ်နှစ်ပြည့်တော့မလို့ထင်တယ်၊ မြို့တွင်းမှာ အရင်ကထက် ရဲနှင့် စစ်သားတွေပိုပိုများလာတယ်၊ ရပ်ကွက်အလိုက်သူတို့ စောင့်ကြည့်နေကြတယ်။ ဘာတွေ‌ စောင့်ကြည့်နေကြမှန်းတော့ မသိပါဘူး။ ပြီးရင် လွန်ခဲ့တဲ့ ၂၇ ရက်နေ့တုန်းကလဲ လော်စပီကာနဲ့ သတိပေးချက်တွေ လိုက်အော်နေကြတယ်။" ဟု ဟားခါးမြို့ဒေသခံမှ ပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းတစ်နှစ်ပြည့်တော့မည့်အလျောက် ဟားခါးမြို့တွင် ရဲနှင့် စစ်သားများ အရင်ကထက် ပိုများလာပြီး ရပ်ကွက်တိုင်းတွင်လည်း အဖွဲ့လိုက်စောင့်ကြည့်နေကြကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထန်တလန်မြို့ လမ်းဆုံ၌လည်း ရဲနှင့် စစ်သားများ အစုလိုက်အပြုံလိုက်ရှိနေကြကြောင်းသိရသည်

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...