ရေးမြို့နယ် NLD ဥက္ကဌ ဦးကျော်မိုးအေး ဖမ်းဝရမ်းထုတ်ခံရ

ရေးမြို့နယ် NLD ဥက္ကဌ ဦးကျော်မိုးအေး ဖမ်းဝရမ်းထုတ်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ “ဦးကျော်မိုးအေး” အား ပြည်နယ်တရားရုံး၏ ဖမ်းဝရမ်း ထုတ်ခံထားရကြောင်း သိရသည်။

ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ အဖ ဦးမြင့်အေး၏ သားဖြစ်သူ ဦးကျော်မိုးအေးသည် ပုဒ်မ ၅၀၅ - က ဖြင့်တရားစွဲခံထားရစဥ် ထွက်ပြေးတိမ်းရှောင်နေသောကြောင့်ယခုကဲ့သို့ ဖမ်းဝရမ်း ထုတ်ရခြင်းဖြစ်ကြောင်း ရေးမြို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

" ၅၀၅ -ကနဲ့တရားစွဲခံရတာကို ရှောင်နေလို့ဝရမ်းထုတ်တာပါ။ သူတစ်ယောက်တည်းမဟုတ်ပါဘူး။ နောက်ထပ် ၅၀၅ နဲ့ဝရမ်းထုတ်မဲ့သူတွေကိုပြင်ဆင်နေပါတယ်။ ဦးကျော်မိုးအေးရဲ့ အိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်၊ မပိတ်ကတော့ တရားရုံးက ဆက်လုပ်ပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

ဦးကျော်မိုးအေးအနေနှင့် ၎င်းအားစွဲချက်တင်ထားမှုကို ရက် ၃၀ အတွင်း လာရောက်ထုချေမှုပြုရန် အဆိုပါ ဝရမ်းစာစောင်တွင် ဖော်ပြထားပြီး ၎င်းပိုင်ပစ္စည်းများတွင်ပါ ဝရမ်းထုတ်သိမ်းဆည်းခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တပ်မတော်မှ ဦးကျော်မိုးအေး၏ သမီးဖြစ်သူ ပိုင်ဆိုင်သော သစ်ဆိုင်မှ သစ်များ သိမ်းဆည်းခဲ့ပြီး ဦးကျော်မိုးအေးတို့ နေအိမ်ကို စောင့်ကြည့်ခံနေရကြောင်း ဦးကျော်မိုးအေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဦးကျော်မိုးအေးနှင့် မိသားစုမှာ အောက်တိုဘာလမှစပြီး တိမ်းရှောင်နေကာ ဦးကျော်မိုးအေး၏ ညီဖြစ်သူမှာ ယနေ့တိုင် ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီး ၁၀ လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၆၄၉ ယောက် ဖမ်းဆီးခံခဲ့ရကြောင်း ဇန်နဝါရီ ၁ ရက်တွင်  NLD ထုတ်ပြန်ခဲ့သည်။

May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...