ပြည်သူလူထုဦးဆောင်နေသည့် ပြည်သူ့တော်လှန်ရေးတိုက်ပွဲဖြစ်ကြောင်း သတိပြုစေလိုဟု CNF ဥက္ကဌဆို

ပြည်သူလူထုဦးဆောင်နေသည့် ပြည်သူ့တော်လှန်ရေးတိုက်ပွဲဖြစ်ကြောင်း သတိပြုစေလိုဟု CNF ဥက္ကဌဆို

၂၀၂၂ခုနှစ်၊ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ကျင်းပသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကာင်စီမှဦးဆောင်ကျင်းပသည့် ပြည်သူ့ညီလာခံတွင် လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ဖို့ ဆင်နွှဲနေသည့် ပြည်သူလူထုမှ ဦးဆောင်သည့် ပြည်သူ့တော်လှန်ရေးဖြစ်သည်ကို သတိပြုစေလိုကြောင်း ချင်းအမျိုးသားတပ်ဦး ဥက္ကဌ ပူးဇိန်ကျုံး၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ (၁)ရက်နေ့တွင် မြန်မာစစ်တပ်မှ ပြည်သူလူထု၏ ဆန္ဒကို ဆန့်ကျင်ပြီးအာဏာသိမ်းခဲ့သည်မှာ လာမည့်ရက်အနည်းငယ်တွင် တစ်နှစ်ပြည့်တော့မည်ဖြစ်ကြောင်း၊စစ်တပ်၏ မတရားသဖြင့် လုပ်ဆောင်မှုများသည် တစ်နိုင်ငံလုံးရှိ ပြည်သူများအတိဒုက္ခရောက်နေရပြီး စစ်တပ်မှ မတရားဖမ်းဆီး သတ်ဖြတ်မှုများ၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်များ ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးခြင်းစသည့် စစ်ရာဇဝတ်များနဲ့ လူမျိုးတုံးသတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိကျူးနေသည်ဟုလည်း ပူးဇိန်ကျုံး၏ မိန့်ခွန်းတွင် ပါရှိသည်။

ထို့နောက် တိုင်းရင်းသားများအနေဖြင့် မတရားမှုကို လက်သင့်မခံပဲ တစ်နိုင်ငံလုံး စည်းစည်းလုံးလုံးဖြင့် စစ်အာဏာရှင်ကို တွန်းလှန်နေသည်မှာ တစ်နှစ်ပြည့်တော့မည် ဖြစ်ကြောင်း၊အကြမ်းမဖက်နည်းဖြင့် စတင်ခဲ့သည့် ပြည်သူ့အာဏာဖီဆန်မှုသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မိမိကိုယ်ကို ခုခံနိုင်ရန်အတွက် လက်နက်ကိုင်ရသည့် အခြေနေထိရောက်ခဲ့ပြီဖြစ်ကြောင်း၊ချင်းအမျိုးသား တစ်ရပ်လုံးအနေဖြင့်  ချင်းပြည်နယ်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဦးစီးဆောင်ရွက်နိုင်ရန် ကိုယ်ပိုင်ပြဌန်းခွင့်အာမခံချက်ရှိသည့် ချင်းပြည်တည်ဆောက်ရေးတန်းတူမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မျှော်ရည်ပြီး ကြားကာလအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ကို ဖွဲ့စည်းခဲ့ကြောင်းတို့လည်း မိန့်ခွန်းတွင် ပါရှိသည်။

ချင်းအမျိုးသားတပ်ဦးနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)အနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ စစ်အာဏာရှင်ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရန် သန္နိဌါန်ချထားပြီး ပြည်သူ့တော်လှန်ရေးကိုဆင်နွှဲလျက်ရှိကြောင်း နှင့် ပြည်သူ့တော်လှန်ရေးပိုမိုအားကောင်းလာရေးအတွက် အရှိန်မြှင့်တင်နိုင်ရန် ပြည်သူတစ်ရပ်လုံး ကျရာနေရာတွင် အင်တိုက်အားတိုက် ဆက်လိုက်ပါဝင်နိုင်ရန် တိုက်တွန်းကြောင်းလည်း ပူဇိန်ကျုံး၏ မိန့်ခွန်းတွင်ပါရှိသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...