ကွတ်ခိုင်မြို့အနောက်ဘက် စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲ ပြင်းထန်နေ

ကွတ်ခိုင်မြို့အနောက်ဘက် စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲ ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရဲ့ အနောက်ဘက်ခြမ်း အဝေးပြေးလမ်းမပေါ်အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသံများထံမှ သိရသည်။

“မနေ့ညရော တိုက်ပွဲဖြစ်တယ် အဲနေရာမှာဘဲ ဒီနေ့လည် ၁၂ နာရီ ခန့်က‌နေပြန်စတာ ခုထိ လက်နက်ကြီး‌သံတွေရော၊ လက်နက်ငယ်သံ‌တွေပါ ကြားနေရတယ်” ဟု ကွတ်ခိုင်ဒေသခံ တစ်ဦးကပြောသည်။

အဆိုပါ တိုက်ပွဲသည် ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄နာရီဝန်းကျင်မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ကာ လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ပန်တေးနဲ့ ကုန်းဆာရွာတွင် ဒေသခံအများစု ၂၀၂၁ ခုနှစ်မှ စစ်ဘေးရှောင်သွားခဲ့ပြီး ဖြစ်သော်လည်း အိမ်ခြေအ‌နည်းငယ်သာကျန်ရှိ‌နေသေးကြောင်း အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ခုတိုက်ပွဲဖြစ်တဲ့ရွာမှာ လူနည်းနည်းဘဲ ရှိ‌တော့တယ် ဒါပေမယ့်အဲရွာကရှောင်သွားတဲ့ စစ်ရှောင်တွေသွားနေတဲ့ နေရာကလည်း အဲအနားတစ်ဝိုက်ဘဲရှောင်နေကြတော့ ခုတိုက်ပွဲနဲ့ သိပ်မဝေးဘူး ” လို့ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဘက်မှ လတ်တလော ရှမ်းပြည်မြောက်ပိုင်းသို့ အင်းအားဖြည့်ကာအဆက်မပြတ် ထိုးစစ်ဆင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပြောက်ကျား စစ်ဆင်ရေးတွေ ပြုလုပ်နေကြောင်း သိန္နီပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က လူမှုကွန်ယက်မှတဆင့် အများပြည်သူအား သတိပေးထားသည်။

ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲအခြေနေနှင့် ပတ်သပ်ပြီး စစ်ကောင်စီတပ်နှင့်ကိုးကန့် MNDAA တို့အကြား လတ်တလော မုံးကိုးမြို့နယ်နှင့် သိန္နီမြို့နယ် အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာ အနှံ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ကိုးကန့် သတင်းဌာန၏ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းသတင်းမှာလည်း ထည့်သွင်းဖော်ပြထားသည်။

ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်၊ TNLA, ကိုးကန့် MNDAA, KIA, မြောက်ပိုင်း မဟာမိတ် ညီနောင်အဖွဲ့၊ PDF တို့ လှုပ်ရှားသွားလာရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်နှင့်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သည်။

ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...