မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF Matupi တပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးဟု သတင်းထုတ်ပြန်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF Matupi တပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးဟု သတင်းထုတ်ပြန်
ပုံ - (CDF Matupi)
ပုံ - (CDF Matupi)

ချင်းပြည်နယ် မတူပီမြို့နယ်ရှိ မိုင်တိုင် (၈၀)အရောက်  စစ်ကောင်စီတပ်ဖွဲ့ဝင် ကို  CDF Matupi တပ်ဖွဲ့မှ ဇန်နဝါရီလ  ၂၆ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု CDF Matupi သတင်းနှင့်ပြန်ကြားရေးဖွဲ့ ကထုတ်ပြန်ထားပါသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မတူပီ-မင်းတပ် လမ်းမ အတိုင်း မတူပီတပ်စခန်းမှ စတင်ထွက်ခွာလာသော စစ်ယဉ်တန်းကို မိမိတို့ CDF Matupi မှ မိုင်တိုင် (၈၀) အရောက်တွင် ဇန်နဝါရီလ (၂၆) ရက်နေ့ မနက် ၉ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ရာ အတည်ပြု (၅) ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် စစ်ကောင်စီ ဖက်မှ လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်ရာ အနီးအနားရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ကျေးရွာနေ ပြည်သူများနှင့် CDF များ အထိအခိုက် အကျအဆုံး မရှိပါ။ စကစ စစ်ယဉ်တန်းသည် မင်းတပ်နယ် မိုင်(၇၀) ကျော်သို့ ရောက်ရှိသွားပြီ ဖြစ်သည်ဟု ထုတ်ပြန်ထားပါသည်။

လက်ရှိချင်းပြည်နယ် တောင်ပိုင်း မြောက်ပိုင်းတို့တွင်  ဒေသခုခံရေး တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...