ကိုဗစ်-၁၉ ပိုးတွေ့ ရှိလာ၍ ကလေးမြို့-ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းများ ပိတ်တော့မည်

ကိုဗစ်-၁၉ ပိုးတွေ့ ရှိလာ၍ ကလေးမြို့-ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းများ ပိတ်တော့မည်

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ခရီးသွား ပြည်သူ ၁၈ ဦးထံ ဇန်နဝါရီလ၂၆ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ရာ ခရီးသည်တင်ယာဉ်လိုင်းများ ပိတ်တော့မည်ဟု သိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ ယမန်နေ့တွင် ခရီးသွားပြည်သူ များထဲမှ လူကြီး ၁၇ ဦးနှင့် ကလေး ၁ ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက် ခရီးသည်တင် ယာဉ်လိုင်းများထံ ခရီးသည်တင်ဆောင်ခြင်း မပြုကြရန် အကြောင်းကြားလာမှု ရှိခဲ့သည်ဟု ရန်ကုန်-ကလေး အမြန်ကား ပြေးဆွဲဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ရန်ကုန်-ကလေး အမြန်ကား ပြေးဆွဲဂိတ်မှ တာဝန်ရှိသူတစ်ဦးက "ကလေး-တမူး ကားတွေကို ခရီးသည်တင်ပြီး သွားတာကို မနေ့ကစပြီး လက်မခံတော့ဘူးလို့ ကျနော်တို့ဂိတ်ကိုလည်း လူမတင်ဖို့ မနေ့က လာပြောတယ် ဘာကြောင်းကြောင့်လို့တော့ သေချာ မသိရသေးဘူး ကလေး -တမူး ကားတွေကို အဝင်မခံချင်ကြတော့တဲ့သဘောထင်တယ် ကုန်စ္စည်းဘဲ တင်လို့ရတော့တယ်"ဟုပြောသည်။

လက်ရှိ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ၁၈ ဦးကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကွာရန်တင်း ထားရှိသည်ဟု ကလေးမြို့မှ  ကိုဗစ် -၁၉  Volunteer တစ်ဦးကပြောပါသည်။

ကလေးမြို့မှ ကိုဗစ်-၁၉ Volunteer တစ်ဦးက "မနေ့ကခရီးသွားဖို့ လူပေါင်း ၅၀၀ ကျော် ပြည်သူ့ဆေးရုံမှာ ကိုဗစ် စစ်ဆေးတာ လူကြီး ၁၇ ဦးနဲ့ ကလေး ၁ ဦးမှာ ကိုဗစ် တွေ့ရှိခဲ့တယ် အဲဒီကိုဗစ်ပိုးတွေ့လူနာတွေကို ပြည်သူ့ဆေးရုံမှာဘဲ  ကွာရန်တင်း ထားရှိတယ်လို့သိရတယ်"ဟုပြောသည်။

ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာပါက အရင် ကိုဗစ်ပိုးတွေ့လူနာများ ထားရှိသည့် ကွာရန်တင်းစတင်များကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု ကလေးမြို့ ကိုဗစ်-၁၉ Volunteer တစ်ဦးကပြောသည်။

ကိုဗစ် တတိယလှိုင်းဖြစ်ခဲ့စဉ် ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ဖြင့် လူပေါင်းအမြောက်များ အသက်သေဆုံးခဲ့ရကြောင်း သိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...