ကလေး-တီးတိန်-ရိခေါ်ဒါရ် ယာဉ်စီးခ ၄ ဆ ကျော်မြင့်တက်

ကလေး-တီးတိန်-ရိခေါ်ဒါရ် ယာဉ်စီးခ ၄ ဆ ကျော်မြင့်တက်

လမ်းကြောင်းအခက်အခဲများကြောင့် ကလေး-တီးတိန်- ရိခေါ်ဒါရ် ယာဉ်စီးခများ ၄ ဆကျော်မြင့်တက် နေဟု သိရပါသည်။

ရိခေါ်ဒါရ်ဒေသခံတစ်ဦးက "အခု လူတစ်ယောက်ကို ၁ သိန်းလောက်ကျတယ် အရင်က ၁ သောင်းခွဲ ၂ သောင်းလောက်ပေးရတဲ့ဟာ အခုတော့ ၄ ဆကျော် ပေးရတယ် ကုန်စည်ပစ္စည်း တွေလဲ ၅ ထောင် ၁သောင်းလောက် စျေးတင်ရတဲ့ အနေထားဖြစ်တယ်"ဟုပြောသည်။

လက်ရှိကလေး-တီးတိန်-ရိခေါ်ဒါရ် လမ်းတွင် မိုးများနေသဖြင့် လမ်းများပျက်စီးနေကာ ခရီးသွားကြန့်ကြာမှူများလည်း ရှိသည်ဟု ဒေသခံများထံက သိရသည်။

ယခင်က ကလေး- တီးတိန်-ရိခေါ်ဒါရ် ကားလမ်းအတိုင်း သွားလျှင် ယာဉ်စီးခ တစ်ဦး ကျပ်တစ်သောင်းခွဲကျော်သာ ကျသင့်သော်လည်း ယခုအခါ အဆိုပါလမ်းကြောင်းကိုပိတ်ထားသဖြင့် တွန်းဇံမြို့နယ်ဘက်မှ ပတ်သွားနေရကာ ယာဉ်စီးခကို တစ်ဦးလျှင် ကျပ် ၇ သောင်းမှ ကျပ်တစ်သိန်းအထိ ပေးရကြောင်းနှင့် ခရီးသွားချိန်မှာလည်း နှစ်နာရီမှ သုံးနာရီဝန်းကျင်ခန့် ပိုမိုကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ကလေး-တီးတိန်-ရိခေါ်ဒါရ် လမ်းမှာ အိန္ဒိယမြန်မှာ နှစ်နိုင်ငံ ကုန်းလမ်းဖြင့် ဆက်သွယ် သွားလာသည့် အဓိက လမ်းများထဲမှ တစ်ခုအပါဝင်ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ် အပါဝင် အခြားတိုင်းနှင့် ပြည်နယ်မှ အိန္ဒိယနိုင်ငံဖက်သို့ စစ်ဘေးရှောင်ကြသည့် ပြည်သူ အမြောက်အများရှိခဲ့ကြောင်း သိရသည်။

Most read this week

December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...