ကလေး-တီးတိန်-ရိခေါ်ဒါရ် ယာဉ်စီးခ ၄ ဆ ကျော်မြင့်တက်

ကလေး-တီးတိန်-ရိခေါ်ဒါရ် ယာဉ်စီးခ ၄ ဆ ကျော်မြင့်တက်

လမ်းကြောင်းအခက်အခဲများကြောင့် ကလေး-တီးတိန်- ရိခေါ်ဒါရ် ယာဉ်စီးခများ ၄ ဆကျော်မြင့်တက် နေဟု သိရပါသည်။

ရိခေါ်ဒါရ်ဒေသခံတစ်ဦးက "အခု လူတစ်ယောက်ကို ၁ သိန်းလောက်ကျတယ် အရင်က ၁ သောင်းခွဲ ၂ သောင်းလောက်ပေးရတဲ့ဟာ အခုတော့ ၄ ဆကျော် ပေးရတယ် ကုန်စည်ပစ္စည်း တွေလဲ ၅ ထောင် ၁သောင်းလောက် စျေးတင်ရတဲ့ အနေထားဖြစ်တယ်"ဟုပြောသည်။

လက်ရှိကလေး-တီးတိန်-ရိခေါ်ဒါရ် လမ်းတွင် မိုးများနေသဖြင့် လမ်းများပျက်စီးနေကာ ခရီးသွားကြန့်ကြာမှူများလည်း ရှိသည်ဟု ဒေသခံများထံက သိရသည်။

ယခင်က ကလေး- တီးတိန်-ရိခေါ်ဒါရ် ကားလမ်းအတိုင်း သွားလျှင် ယာဉ်စီးခ တစ်ဦး ကျပ်တစ်သောင်းခွဲကျော်သာ ကျသင့်သော်လည်း ယခုအခါ အဆိုပါလမ်းကြောင်းကိုပိတ်ထားသဖြင့် တွန်းဇံမြို့နယ်ဘက်မှ ပတ်သွားနေရကာ ယာဉ်စီးခကို တစ်ဦးလျှင် ကျပ် ၇ သောင်းမှ ကျပ်တစ်သိန်းအထိ ပေးရကြောင်းနှင့် ခရီးသွားချိန်မှာလည်း နှစ်နာရီမှ သုံးနာရီဝန်းကျင်ခန့် ပိုမိုကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ကလေး-တီးတိန်-ရိခေါ်ဒါရ် လမ်းမှာ အိန္ဒိယမြန်မှာ နှစ်နိုင်ငံ ကုန်းလမ်းဖြင့် ဆက်သွယ် သွားလာသည့် အဓိက လမ်းများထဲမှ တစ်ခုအပါဝင်ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ် အပါဝင် အခြားတိုင်းနှင့် ပြည်နယ်မှ အိန္ဒိယနိုင်ငံဖက်သို့ စစ်ဘေးရှောင်ကြသည့် ပြည်သူ အမြောက်အများရှိခဲ့ကြောင်း သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...