ဖလမ်းမြို့ပေါ်က CDM ဝန်ထမ်း အမျိုးသမီး ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ဖလမ်းမြို့ပေါ်က CDM ဝန်ထမ်း အမျိုးသမီး ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင်  ဇန်နဝါရီလ ၂၅ ရက် ယမန်နေ့က Civil Disobedience Movement- CDM ျပဳလုပ္သည့္ ဝန်ထမ်း အမျိုးသမီး ၇ ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက  ၎င်းတို့ နေအိမ်အသီးသီးတွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ဖ လမ်းမြို့ ရဲစခန်းတွင် စစ်ဆေး နေသည်ဟု သိရသည်။

“ ကျွန်တော်တို့ဖက်က သိသလောက်တော့ ၇ ယောက်၊ ကြားရသလောက်တော့ ပါတီနိုင်ငံရေးကင်း စင်းကြောင်း မေးမြန်းပြီးရင် ပြန်လွတ်မယ်လို့ကြားတယ်။ ဒါပေမယ့် ဘာမှတိတိကျကျ မသိရသေးဘူး။ တွေ့လို့မရဘူး။ စစ်ဆေး မေးမြန်းနေတုန်းဆိုတော့” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

အဖမ်းခံရသည့်အမျိုးသမီး ၇ ဦးတို့မှာ ပညာရေးဌာနက ၄ ဦးနှင့် ကျန်းမာရေး၊ ဆည်မြောင်း၊ ဆက်သွယ်ရေးဌာနက ဝန် ထမ်းများဟုသိရသည်။

၎င်းတို့အား စစ်ကောင်စီတပ်ဖွဲ့က မည်သည့်အတွက်ကြောင့်ဖမ်းဆီးသွားသည်ကို အတိအကျမသိရသော်လည်း CDM လှုပ်ရှားမှုတွင်ပါဝင်သည့်အတွက်ကြောင့်ဖြစ်နိုင်သည်ဟု ဖလမ်းဒေသခံကပြောသည်။

ဖလမ်းမြို့တွင် အစိုးရဌာနအလိုက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းဦးရေ ၃၀၀၀ ခန့် ရှိ သည်ဟု သိရသည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...