ဖလမ်းမြို့ပေါ်က CDM ဝန်ထမ်း အမျိုးသမီး ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ဖလမ်းမြို့ပေါ်က CDM ဝန်ထမ်း အမျိုးသမီး ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင်  ဇန်နဝါရီလ ၂၅ ရက် ယမန်နေ့က Civil Disobedience Movement- CDM ျပဳလုပ္သည့္ ဝန်ထမ်း အမျိုးသမီး ၇ ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက  ၎င်းတို့ နေအိမ်အသီးသီးတွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ဖ လမ်းမြို့ ရဲစခန်းတွင် စစ်ဆေး နေသည်ဟု သိရသည်။

“ ကျွန်တော်တို့ဖက်က သိသလောက်တော့ ၇ ယောက်၊ ကြားရသလောက်တော့ ပါတီနိုင်ငံရေးကင်း စင်းကြောင်း မေးမြန်းပြီးရင် ပြန်လွတ်မယ်လို့ကြားတယ်။ ဒါပေမယ့် ဘာမှတိတိကျကျ မသိရသေးဘူး။ တွေ့လို့မရဘူး။ စစ်ဆေး မေးမြန်းနေတုန်းဆိုတော့” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

အဖမ်းခံရသည့်အမျိုးသမီး ၇ ဦးတို့မှာ ပညာရေးဌာနက ၄ ဦးနှင့် ကျန်းမာရေး၊ ဆည်မြောင်း၊ ဆက်သွယ်ရေးဌာနက ဝန် ထမ်းများဟုသိရသည်။

၎င်းတို့အား စစ်ကောင်စီတပ်ဖွဲ့က မည်သည့်အတွက်ကြောင့်ဖမ်းဆီးသွားသည်ကို အတိအကျမသိရသော်လည်း CDM လှုပ်ရှားမှုတွင်ပါဝင်သည့်အတွက်ကြောင့်ဖြစ်နိုင်သည်ဟု ဖလမ်းဒေသခံကပြောသည်။

ဖလမ်းမြို့တွင် အစိုးရဌာနအလိုက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းဦးရေ ၃၀၀၀ ခန့် ရှိ သည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...