လိမ်လည်မှုများမဖြစ်ပေါ်စေရန် နောင်တရားမြို့ စစ်ရှောင်များအတွက် လူမှုကွန်ရက်ပေါ် အလှူမခံ

လိမ်လည်မှုများမဖြစ်ပေါ်စေရန် နောင်တရားမြို့ စစ်ရှောင်များအတွက် လူမှုကွန်ရက်ပေါ် အလှူမခံ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့ရောက် စစ်ရှောင်များအတွက် လူမှုကွန်ရက် စာမျက်နှာ (ဖေ့ဘွတ်)တွင် အလှူငွေ ကောက်ခံခြင်း မပြုလုပ်ကြောင်း စစ်ရှောင်များကိုကူညီပေးနေသည့် အဖွဲ့ခေါင်းဆောင်ထံမှ စုံစမ်းသိရှိရသည်။

ထိုသို့ အလှူငွေကောက်ခံသည့် ပိုစ့်များကို မတင်ခြင်းသည် နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် အလိမ်ခံရခြင်း၊ လှူဒါန်းသူများမှ အလိမ်မခံရနိုင်အောင်ဖြစ်ကြောင်း သိရသည်။

“အခုက အင်တာနက်ပေါ်မှာလည်း ဘာအတွက် ညာအတွက်ဆိုပြီး လိုက်အလှူခံ လိမ်နေတဲ့သူတွေ များတယ်။ ဒါကြောင့် အလှူရှင်တွေအနေနဲ့ လူမှားပြီး မလှူမိအောင် ကျနော်တို့က ပိုစ့်မတင်တာ။ တကယ်လှူချင်တယ်ဆိုရင် ဖုန်းဆက်လာလို့ ရတယ်။ အဓိကတော့ အလှူရှင်တွေ လိမ်ခံရမှာဆိုးလို့ ကျနော်တို့က ဒီတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု နောင်တရားမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် အဖွဲ့ခေါင်းဆောင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံရေးအရှုပ်ထွေးကြောင့် ပြည်သူများ စားဝတ်နေရေးခက်ခဲလာချိန်တွင် တချို့ ပြည်သူများက ဖေ့ဘုတ်အကောင့်အတုဖြင့် အလှူငွေ လိုက်လံတောင်းခံနေလျက်ရှိကြောင်း သိရသည်။

“တချို့က အကောင့်အတုနဲ့ ဘယ်သူကို ကူညီတယ်ဆိုတဲ့ ပုံစံနဲ့ အလှူငွေ တောင်းနေတာရှိတယ်။ ကျမတောင် ၅ ထောင် လှူပေးလိုက်သေးတယ်။ အခုက ပြည်သူတွေအကုန်လုံးက ခက်ခဲကုန်တော့ လိုင်းပေါ်မှာ လိမ်စားတာတွေလည်း များလာတယ်။ တော်ရုံနဲ့ မယုံရတော့ဘူး။ လိုင်းပေါ်မှာလည်း လူလိမ်တွေ အရမ်းများလာတယ်” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ နောင်တရားမြို့တွင် ရောက်ရှိနေသည့် စစ်ရှောင်များကို ကူညီလှူဒါန်းလိုပါက ဖုန်းဆက်ပြီး လှူဒါန်းနိုင်ကြောင်း သိရသည်။

“ကျနော်တို့က အရင်ကတည်းက စစ်ရှောင်တွေအတွက် ပိုစ့်တင်ပြီး အလှူငွေ မကောက်ခံဘူး။ ဖုန်းဆက်ပြီး အများစုက လာလှူကြတယ်။ ဖုန်းဆက်လာရင်တော့ ဘာလိုတယ်။ ဘာကူညီပေးနိုင်တယ်လို့ပဲ ပြောတယ်။ တခါမှတော့ အလှူငွေကောက်ခံတဲ့ ပိုစ့်တော့ မတင်ဘူး” ဟု နောင်တရားမြို့ စစ်ရှောင်ကို ကူညီပေးနေသည့် အဖွဲ့ခေါင်ဆောင် အမျိုးသားတစ်ဦးက ပြောသည်။

နောင်တရားမြို့ပေါ်တွင် ရောက်ရှိနေသည့် စစ်ရှောင် စုစုပေါင်း (၁၂၀၀) ကျော်ရှိနေပြီး ရေရှည် စားဝတ်နေရေးအတွက် အခက်ခဲရှိနေကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...