မိုင်းကိုင် ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲ

မိုင်းကိုင် ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ရှိ အထွေထွေမြို့နယ် အုပ်ချုပ်ရေးရုံးအနီးတွင် ယမန်နေ့ (ဇန်နဝါရီ ၂၄)ရက် ညတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇန်နဝါရီ (၂၄)ရက် ည (၁၀)နာရီခွဲခန့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြကြောင်း မိုင်းကိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“တော်တော်တော့ အသံကျယ်တယ်။ မြေတောင် တုန်သွားတယ်။ တစ်ချက်ပဲ ကြားရတယ်။ ကျနော်တို့လည်း ဆက်ပြီး မအိပ်ရဲဘဲ သတိထားပြီး နေရတယ်” ဟု မိုင်းကိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်တွင်း တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားသည့် နေရာဖြစ်ပြီး စစ်ရှောင်များလည်း လက်ရှိချိန်ထိ ရှိနေကြောင်း၊ မိုင်းကိုင်မြို့ပေါ်သို့ စစ်ကောင်စီ တပ်များလည်း ရှိကြောင်း သိရှိရသည်။

“မနေ့က တိုက်ပွဲဖြစ်တာလဲ မကြားရဘူး။ မိုင်းကိုင်မြို့ပေါ်ဆို စစ်ကောင်စီ တပ်လဲရှိတယ်။ ဒီလို နိုင်ငံရေး ရှုပ်ထွေးနေချိန် ညအချိန် ပေါက်ကွဲမှုသံကြားရတော့ ပြည်သူတွေတော့ ထိတ်လန့်ကြတာပေါ့” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၁) ရက်နေ့က မိုင်းကိုင်မြို့ပေါ်အထိ လက်နက်ကြီးသံများ ကြားရသဖြင့် မိုင်းကိုင်ဒေသခံများ မြို့ပေါ်ထိ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲ မကြာခဏဖြစ်ပွားပြီး စစ်ရှောင် ၃၀၀၀ နီးပါးရှိသည့်ဒေသလည်း ဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...