မိုင်းဟပြည်သူ့စစ်ကို ရည်းစားစကားအဖြေမပေးသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

မိုင်းဟပြည်သူ့စစ်ကို ရည်းစားစကားအဖြေမပေးသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် မန်ပန်ကျေးရွာအုပ်စု ကြူကွမ်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးကို မိုင်းဟ ပြည်သူ့စစ် တစ်ဦးက ရည်းစားစကားလိုက်ပြောရာမှ အဖြေ ပြန်မပေးသောကြောင့် သေနတ်ဖြင့် ပတ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီ (၂၃)ရက် ည (၈)နာရီဝန်းကျင်တွင် မိုင်းဟ ပြည်သူ့စစ်က ကြူကွမ်ရွာအတွင်း ဝင်လာပြီး အမျိုးသမီးတစ်ဦးထံ ချစ်ခွင့်ပန် အဖြေတောင်းရာ အမျိုးသမီးဘက်မှ အဖြေမပေးသောကြောင့် ၎င်းအမျိုးသမီး နေအိမ်တွင် ထမင်းချက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ပြည်သူ့စစ်က ကောင်းမလေးကို အဖြေတောင်းတာ မပေးလို့ဆိုပြီး သေနတ်နဲ့ ပစ်လိုက်တာ။ သူ့ခြေထောက် နှစ်ဖက်လုံး ထိသွားတယ်။ သူက ရေသွားချိုးလာပြီး ထမင်းလာချက်နေတဲ့ အချိန်မှာ သေနတ်နဲ့ ပစ်လိုက်တာ။ ကောင်းမလေးကလည်း အဲလူကို စိတ်မဝင်စားဘူးလို့ပြောတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအမျိုးသမီးသည် ခြေထောက်နှစ်ဖက်နှင့် လက်တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိတွင် လားရှိုးမြို့ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

“ဒဏ်ရာကတော့ ပြင်းထန်တယ်။ ခြေထောက် နှစ်ဖက် ထိသွားတယ်။ လက်ရော ထိတယ်။ ဖြစ်ဖြစ်ချင်း မိုင်းရယ်မြို့ ဆေးရုံကို ပို့ပေးတာ။ အခုက လားရှိုးမြို့ ဆေးရုံကို ပြောင်းပေးလိုက်ပြီတဲ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မိုင်းဟ ပြည်သူ့စစ် တပ်ဖွဲ့ကို သျှမ်းသံတော်ဆင့်မှ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

သေနတ်ထိမှန်ခဲ့သည့် အမျိုးသမီး ဆေးကုသရန်အတွက် ငွေရေးကြေးရေး အခက်ခဲများစွာရှိနေကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...